http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Jun 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ မွေးေ န့ တူ တာ ကို ဂုဏ် ယူ ခဲ့ သူ အောင် ရဲ လင်း

အောင်ရဲလင်းက ဒါရိုက်တာမလိခ စိုးထိုက်အောင် ရိုက်ကူးတဲ့ 'စွာတေးလန်'
ဇာတ်ကားမှာ သက်မွန်မြင့်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား မှာ အောင်ရဲလင်း က ယောက်ျားလေးဖြစ်ပြီး ပျော့ညံ့တတ်တဲ့ ကောင်လေး အဖြစ် သရုပ်ဆောင် ထား ကာ နောက်ပိုင်း မှာ ကောင်မလေးနဲ့တွေ့တဲ့အခါမှာ မပျော့ညံ့တော့ ဘဲ ပြောင်းလဲသွား တဲ့ ကောင်လေး အဖြစ်နဲ့ သရုပ်ဆောင် ထားပါတယ်။
လတ်တလောမှာ ဒါရိုက်တာကျော်ဇောလင်း ရိုက်ကူး ပြီး အောင်ရဲလင်းနဲ့ ဖွေးဖွေးတို့ သရုပ်ဆောင်ထားတဲ့ 'အလှဖန်တီးရှင်' ဇာတ်ကားကို ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့နေကြပါတယ်။ ဒီဇာတ်ကားက အထက်မြန်မာပြည် ဘက်မှာလည်း ပေါက်တဲ့ ဇာတ်ကားဖြစ် သလို ရန်ကုန်မှာလည်း အောင်မြင်တဲ့ဇာတ်ကား တစ်ကားပါ။ ကိုယ်ရိုက် ထားတဲ့ ဇာတ်ကားလေးပေါက်တဲ့အတွက် တအားဝမ်းသာပြီး ပိုပြီး ကြိုးစားဖို့ လို အပ်ကြောင်း အောင်ရဲလင်းကပြောပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်းလိုချင်တဲ့ ပုံစံအတိုင်း သေချာပြင်ဆင် ပြီးလုပ်ထားတာဖြစ်ပြီး ဖွေးဖွေးကလည်း ဆံပင်ရော၊ မျက်လုံးခြယ် တာက အစ သေချာလုပ်ပေးခဲ့ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဇာတ်ကားတွေ ရိုက်တာများတဲ့အတွက် ဇာတ်ကားတိုင်းမှာပြောင်းလဲဖို့ မလွယ်ကူကြောင်း၊ ၁နှစ်မှာ ဇာတ်ကားများစွာရိုက်ရပြီး ဇာတ်ကားနည်းနည်းပဲ ရိုက်ရ ရင်တော့ ပြောင်းလဲရတာ ပိုကောင်းကြောင်း၊ ဇာတ်ကားရိုက်တာများလာ တာ နဲ့အမျှ ပြောင်းလဲရတဲ့ အခက်အခဲတွေ ရှိလာ ကြောင်း အောင်ရဲလင်း ကပြောပါတယ်။
ကိုရီးယားဇာတ်ကားတွေက ပြင်ဆင်ချိန်၊ ရိုက်ကူးချိန် ပို ကြာတဲ့အတွက် ဇာတ်ကား ပိုကောင်းတာဖြစ်ကြောင်းကို အောင်ရဲလင်းက "သူတို့ဆီက အဓိကက ဇာတ်ကားနည်းတာကိုး။ ကျွန်တော်တို့ဆီမှာနဲ့စာရင် အများကြီးနည်းတယ်။ သူတို့ဆီမှာ ဇာတ်လမ်းတစ်ခုကို သေသေချာချာ ရိုက်ရတာ။ ၃လကြာရင် ကြာမယ်။ ၆လကြာရင်ကြာမယ်။ အဲဒီလိုသေချာ အချိန်ပေးပြီး ရိုက်တဲ့ကားဆိုတော့ မကောင်းစရာ မရှိဘူးလေ။ မု(ဒ်)က လည်း ကောင်းသွားပြီ။ အပြင်အဆင်လည်း ကောင်းသွားပြီ။ ထွက်လာတဲ့ ရလဒ်ကလည်း ကာရိုက်တာနဲ့ ကွက်တိဖြစ်သွားတော့ကြည့်လို့ကောင်း တာပေါ့။ ၁နှစ်မှာ ၁ကား၊ ၂ကားပဲ ရိုက်တော့ ကြိုက်သလိုပြောင်းလို့ ရတာပေါ့။ ဇာတ်ကား များလာတာနဲ့အမျှ ပြောင်းလဲရတာ အခက်အခဲတွေ ရှိတယ်။ တကယ်ပြောင်းလို့ ရတဲ့ ဇာတ်ရုပ်မျိုးဆို သေချာပြောင်းမှာပါ" လို့ ပြောပါတယ်။
အောင်ရဲလင်း က ဒေါ်အောင်ဆန်းစုကြည် နဲ့ မွေးနေ့ တူတာကို ၈တန်းလောက်ကတည်းက သတိထားမိခဲ့ပြီး ကမ္ဘာကျော်တဲ့ လူ၁ယောက်နဲ့ မွေးနေ့ချင်းတူ ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ် ယူကြောင်း ပြောပါတယ်။ အောင်ရဲလင်းက မွေးနေ့မှာ မနှစ်တုန်းက လှူခဲ့တဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ ရွှေဂုံတိုင်က မိဘမဲ့ ကလေးကျောင်းနဲ့ မင်္ဂလာဒုံက HIV ကလေးကျောင်းတွေမှာ ကိုယ်တိုင် သွားရောက် လှူဒါန်းဦးမှာဖြစ်ပါတယ်။ 
yoyarlay.com/entertainment/entertainment/art/27239-2012-06-19-06-25-28

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif