အသက် ၁၈ နှစ်အရွယ် ထိုင်ဝမ်လူငယ်တယောက် နာရီပေါင်း ၄၀ ကြာ ဂိမ်းဆက်တိုက်ကစားပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
ထမင်းမစား ဟင်းမစားဘဲ ထိုင်ဝမ် တောင်ပိုင်းက အင်တာနက်ဆိုင်တဆိုင်မှာ Diablo III ကို ကစားပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ဒီလူငယ်နဲ့ဆိုရင် ထိုင်ဝမ်မှာ ဒီနှစ်အတွင်း ဗွီဒီယိုဂိမ်းကစားရင်းသေတာ ၂ ယောက် ရှိပါပြီ။
ပထမတယောက်ကတော့ သူ့ထက် အသက်ကြီးပါတယ်။ ၂၃ နာရီ ဆက်တိုက်ကစားတာမို့ နှလုံးရပ်ပြီး သေဆုံးသွားတာပါ။
တရုတ်၊ တောင်ကိုရီးယားနဲ့ UK နိုင်ငံတွေမှာလည်း ဗွီဒီယိုဂိမ်းကစားရင်း သေဆုံးမှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲ့ဒီလို အဖြစ်အပျက်မျိုး အခုထိ သတင်းထွက်လာတာ မရှိသေးပါဘူး။
မြန်မာတွေက ကစားလည်းကစား စားလည်းစားကြလို့ ထင်ပါတယ်။
blog.irrawaddy.org/2012/07/blog-post_2039.html
0 comments:
Post a Comment