ဒီရက်ပိုင်းအတွင်း ပရိသတ်အင်အား တဖြည်းဖြည်း များလာတာကတော့ အဆိုတော် ပိုးဒါလီသိန်းတန်ရဲ့ Facebook ပရိသတ်စာမျက်နှာပါပဲ။
မနေ့က ပရိသတ် သုံးထောင်ကျော်ကနေ ဒီနေ့တော့ လေးထောင် ကျော်သွားပါပြီ။ မနက်ဖြန်ဆိုရင် ခြောက်ထောင်ကျော်နိုင်ပါတယ်။
ပိုးဒါလီက သူ့ဖခင် အဆိုတော်ကြီး မြန်မာပြည်သိန်းတန်လိုပဲ အမေရိကန်မှာ နေထိုင်ပါတယ်။
အွန်လိုင်းမှာ တွေ့ရတဲ့ ဓာတ်ပုံထဲမှာတော့ ကလေး ၂ ယောက် မိခင် ဖြစ်နေပါပြီ။
အရင်ထက်ပိုပြီး ဆွဲဆောင်မှုရှိလာတယ်၊ လှပလာတယ်၊ ဖေဖေလိုပဲ မြန်မာပြည်ပြန်လာပြီး သီချင်းဆိုပါအုံး စသဖြင့် သူ့ပရိသတ်များက မှတ်ချက်ပေးကြ၊ နှုတ်ခွန်းဆက်ကြပါတယ်။
သူ့Facebook စာမျက်နှာ ထိပ်ဆုံးနားမှာတော့ Musician/Band မြန်မာတေးသံရှင် ပိုးဒါလီသိန်းတန် လို့ ဖော်ပြထားတာ တွေ့ကြရမှာပါ။
သူ့Facebook မှာ ရှိတဲ့ ဓာတ်ပုံတွေနဲ့ သူ့ရဲ့ ရေးသားချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

--
blog.irrawaddy.org/2012/07/facebook_22.html

Kuala Lumpur Time

0 comments:
Post a Comment