http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Aug 2012

လူမွဲတွေလည်း မနှေးခေတ်မီ သူဌေးဖြစ်တော့မည်


တိုးတက်မှုကို ကန့်ထားနိုင်သည့် စိန်ခေါ်မှုများကို မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရဆဲပင် (ဓာတ်ပုံ- Reuters)


မြန်မာပြည်အနေဖြင့် ပြုပြင် ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုး တက်နှုန်း ၈ ရာ ခိုင်နှုန်း ထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ် ငွေ နှစ်သန်း ငါးသိန်း ရှစ်သောင်း)ထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ် Asia Development Bank (ADB) က ထုတ်ပြန် လိုက်ပါသည်။

ADB ၏ နောက်ဆုံးအစီရင်ခံစာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အချက်အချာကျသော ပထဝီအနေ အထား၊ နုပျိုသော အလုပ်သမားအင်အားစု၊ သဘာဝသယံဇာတ အစရှိသည့် ကြွယ်ဝသော ပိုင်ဆိုင်မှုများ ကို အောင်မြင်စွာ အသုံးချနိုင်ပါ က မြန်မာနိုင်ငံသည် “အာရှ၏ လင်းလက်လာမည့် ကြယ်တစင်း” ဖြစ် လာနိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ယင်းသို့ ADB ၏ ရှေ့ဖြစ်ဟောကိန်းသည် အားတက်ဖွယ်ဖြစ်သော်လည်း သုံးနှစ်အတွင်း ဝင်ငွေ သုံးဆတိုးစေ ရမည် ဟု သမ္မတ ဦးသိန်းစိန်၏ အပြောနှင့် ကွာခြားနေသည်။

စီအိုင်အေ The World Factbook ၏ ဖော်ပြချက်အရ လတ်တလော မြန်မာနိုင်ငံ၏ ပျမ်းမျှ တဦးချင်းဝင်ငွေ မှာ ဒေါ်လာ ၁၃၀၀ ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းတွင် ဒေါ်လာ ၉၅၀၀၊ အင်ဒိုနီးရှားတွင် ဒေါ်လာ ၄၇၀၀၊ ဗီယက်နမ်တွင် ဒေါ်လာ ၃၄၀၀ ပျမ်းမျှဝင်ငွေရှိကြသည်။

သို့သော် နဂါးနီ သီချင်းထဲကလို လူမွဲတွေလည်း မနှေးခေတ်မှီ သူဌေး ဖြစ်တော့မည် ဆိုတဲ့အတိုင်း "၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်" လို့ ဆိုပါတယ်။ အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဖတ်ရှု့နိုင် ပါပြီ။blog.irrawaddy.org/2012/08/blog-post_3380.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif