ဆန်အခက်အခဲဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုဒေသကို ဆန်တွေ ပို့နေတဲ့ သတင်း တခု ဒီကနေ့ သတင်း စာမှာ ဖော်ပြထားပါတယ်။
ပူတာအိုဆိုတာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့နေရာ တခုလည်းဖြစ်ပြီး လတ်တလောအခြေအနေမှာ ဆန်ပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
မိုးတွင်းကာလ ကားလမ်းတွေလည်း မကောင်းဖြစ်နေတာကြောင့် ပူတာအို ဒေသကို ဆန် သယ်ယူပို့ဆောင်မှု ဟာ အလွန်ခက်ခဲနေတာ လည်းဖြစ်ပါတယ်။ လေကြောင်းတခုပဲ ဆန်တင်ပို့မှုအဆင်ပြေတဲ့ ဒေသဖြစ်တာ
ကြောင့် ဆန်အခက်အခဲဆိုတာ အမြဲ ရင်ဆိုင်နေကြရတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဆန်ကိုလည်း အဆမတန်
ဈေးပေးစားကြရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ မကြာသေးမီကဆိုရင် ပိုက်ဆံ ရှိတာတောင် ဆန်ဝယ်လို့ မရတဲ့အခြေအနေ ဆိုက်ရောက်ခဲ့တာ လည်းဖြစ်ပါတယ်။
ပူတာအို ဒေသခံတွေဟာ ဆန်ရှားပါးမှုတွေကြောင့် တချို့ဆို သစ်ဥ သစ်ဖုတွေကို စားသုံးနေခဲ့ရပါတယ်။ အခုလို ဆန်တင်ပို့နေတဲ့သတင်းတွေဟာ ဒေသခံတွေအတွက် ၀မ်းမြောက်ဖွယ် သတင်းတပုဒ်လည်းဖြစ်ပါ လိမ့်မယ်။
blog.irrawaddy.org/2012/08/blog-post_950.html

Kuala Lumpur Time
0 comments:
Post a Comment