http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Aug 2012

ဦးကြည်မောင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်အခမ်းအနား


ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးကြည်မောင်ကို ၁၉၉၅ ခုနှစ်က တွေ့ရပုံ။ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ဦးကြည်မောင်၏ ပြောဆိုချက်ကို အာဏာပိုင်တို့က ခြိမ်းခြောက်မှုတခုအဖြစ် သဘောထားခဲ့ကြသည်။ (ဓာတ်ပုံ - Nic Dunlop)

တချိန်က NLD ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးကြေည်မောင် ကွယ်လွန်ခြင်း (၈)နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ယနေ့ သြဂုတ်လ ၁၉ နေ့ နံနက် ၉ နာရီက ၁၂ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ ဒို့ ရိုးရာ စားသောက်ဆိုင်မှာ ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်လာကြသူများ၊ ဓာတ်ပုံ- ၈၈

အခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေး နယ်ပယ်က ထင်ရှားသူတွေ၊ နဲ့ အလွှာအသီးသီးက စုံလင်စွာ တက်ရော်ကလာခဲ့ကြပါတယ်။


အခမ်းအနားမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမှတ်တရ စကားပြောသလို အခြား တက်ရောက်လာသူတချို့ကလည်း အသီးသီး အမှတ်တရ စကားများ ပြောကြားခဲ့ပါတယ်။

ဦးကြည်မောင်ဟူသည်မှာ အငြိမ်းစား တပ်မတော်အရာရှိတဦးဖြစ်ပြီး တချိန်က အာဏာရှင် ဦးနေ၀င်း၏ အမုန်းထားခံခဲ့ရသူများထဲက တဦးအပါအ၀င်လည်းဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နှစ်နောက်ပိုင်းမှာ ဦးကြည်မောင်ဟာ NLD ပါတီမှာ ထိပ်တန်းခေါင်းဆောင် တဦးလည်းဖြစ် လာခဲ့သူပါ။

ဦးကြည်မောင်နဲ့ပတ်သက်ပြီး အထင်ရှားဆုံးနဲ့ အငြင်းပွားမှု အကျယ်လောင်ဆုံးဖြစ်ခဲ့တာကတော့ ဦးကြည်မောင်က စစ်ရာဇ၀တ် ကျူးလွန်ခဲ့သူများကို နူရင်ဘတ် ခုံရုံးမျိုးမလိုပါဟု ပြောခဲ့တယ်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ 
blog.irrawaddy.org/2012/08/blog-post_8905.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif