သမ္မတဦးသိန်းစိန်က နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ညွှန်ချုပ်သစ်တွေ ခန့်အပ်ရာမှာ မိုးကျရွှေကိုယ်တွေ ပါဝင်နေကြောင်း ဒီကနေ့ သတင်းစာများမှာ တွေ့ရပါတယ်။ဗိုလ်မှူးကြီးဝင်းလှိုင်၊ ဗိုလ်မှူးကြီး သူရိန်သန့်စင် တို့ကို ညွှန်ချုပ်များအဖြစ် ခန့်လိုက်တာပါ။
ဝန်ကြီးဌာန အဆင့်မြင့်ရာထူးကြီးတွေမှာ စစ်တပ်အရာရှိများကို ခန့်ထားတဲ့ ယဉ်ကျေးမှုက နှစ်ပေါင်း ၅၀ ကြာခဲ့ပါပြီ။ "အရပ်သား"အစိုးရလက်ထက်မှာ ဒီယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားတာဟာ မြန်မာပြည်အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။
ဒီလို ယဉ်ကျေးမှု ထိန်းသိမ်းရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားခြင်းတော့ မရှိပါဘူး။
ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း စစ်ဗိုလ်တွေက အရပ်ဘက်ဝန်ထမ်းတွေထက် ပိုပြီး ထူးချွန်လို့ သမ္မတကြီးဦးသိန်းစိန်က ရွေးချယ်ခန့်အပ်လိုက်တာ ဖြစ်နိုင်ပါတယ်။
blog.irrawaddy.org/2012/09/blog-post_4218.html





Kuala Lumpur Time
0 comments:
Post a Comment