ဓာတ်ပုံ- မြန်မာ့အလင်းသတင်းစာ
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ ယမန်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန် တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် အဆောက်အအုံမှာ တွေ့ဆုံပြီးနောက်မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့ကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များဟာ ခက်ခဲကြောင်း၊ ဒီမိုကရေစီ နိုင်ငံကြီးလည်း အလားတူ အခက်အခဲတွေ ရှိတတ်တာကို ပြောဆိုပြီး မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့အကြောင်း၊ အကူအညီပေးသွားမှာ ဖြစ်တဲ့ အကြောင်း ပြောသွားခဲ့တာကို နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_5987.html






Kuala Lumpur Time

0 comments:
Post a Comment