ကမ္ဘာမှာ သြဇာအားကြီးတဲ့ Foreign Policy –FP မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာတ၀န်း တွေး
ခေါ်သူများ ထိပ်တန်း ၁၀၀ (100 Top Global Thinker 2012 ) စာရင်းကို ကြေညာခဲ့ရာမှာ နံပတ် ၁ နေ ရာကိုတော့ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ပူးတွဲ ဖော်ပြခံရပါ တယ်။
ဒါဟာ နှစ်ပေါင်းများစွာ လက်ဆွဲနှုတ်ဆက်ခဲ့မှု မရှိရာက အခုနှစ်အတွင်း အတူလက်တွဲ ပူးပေါင်းဆောင်ရွက် မှုများရဲ့ရလာဒ် အဖြစ် အခုလို အသိအမှတ်ပြု လိုက်တာလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း စစ်အစိုးရလက်ထက်တလျှောက်လုံး အတိုက်အခံအဖြစ်နဲ့ ရပ်တည် ရင်း နှစ်ပေါင်းများ စွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတာလည်းဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ယခင် စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးမျက်နှာစာတွေ ကို ပြည်တွင်း နဲ့ နိုင်ငံတကာ မိသားစုနဲ့ပါ ပြန်လည် ပေါင်းကူးရာမှာ ဦးဆောင်ခဲ့သူ၊ တိုင်းပြည်ကို လမ်းဖွင့်သူလို့ မီဒီယာတွေက အမျိုးမျိုးကင်ပွန်းတပ်ခံရသူဖြစ်ပါတယ်။
အခုလို တိုင်းပြည် ပွင့်လင်းစ ပြုလာရတဲ့ အခြေ အနေတွေဟာ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အပြန် အလှန် လေးစားအသိအမှတ်ပြု နာလည်မှုရှိရှိ လက်တွဲ လုပ်ဆောင်မှုရဲ့ အဓိက ရလာဒ်တခုဖြစ်တာကြောင့် FB မဂ္ဂဇင်း ကြီးက 100 Top Global Thinker 2012 မှာ ပူးတွဲ နံပတ် ၁ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီမဂ္ဂဇင်းကြီးဟာ အမေရိကန် နိုင်ငံခြားရေး ပေါ်လစီကို သြဇာကြီးသလို အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ ကိုလည်း ထင်ဟပ်တာကြောင့် မြန်မာနိုင်ငံအတွက် ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲ
ဆောင်ရွက်မှုကို အမေရိကန်က အသိအမှတ်ပြုလိုက်ရာလည်း ရောက်ပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_7748.html






Kuala Lumpur Time

0 comments:
Post a Comment