http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Nov 2012

သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုးခွဲ ခံလိုက်ရပြီ



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို ယနေ့ နံနက် ၃ နာရီ ၀န်းကျင်က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ သုံးပြီး အစိုးရက အကြမ်းဖက်ဖြိုခွဲလိုက်ပြီဖြစ်ပါတယ်။  

 ကြေးနီစီမံကိန်း ရပ်တန့်ရေး လက်ပံတောင် သပိတ်စခန်း တခု၏ ဖျက်ဆီးမခံရခင် မြင်ကွင်း၊ ဓာတ်ပုံ- OpenSociety Monywa
 
သပိတ်မှောက်နေကြတဲ့ ရဟန်းသံဃာတချို့ ထိခိုက် ဒါဏ်ရာ ရပြီး သပိတ်မှောက် ဒေသခံ ကျေးရွာသူ၊ ရွာသား တချို့လည်း ဒါဏ်ရာများ ရရှိသွားတယ်လို့ သိရပါတယ်။

သပိတ်ခေါင်းဆောင် ကိုဝင်းကျော့မှူးလည်း ရိုက်နှက်ခံရကြောင်း၊ သပိတ်စခန်း ၃ ခုကိုလည်း အစိုးရက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သပိတ်စခန်းရှိ ဆိုင်ကယ်များစွာလည်း ထားခဲ့ရကြောင်း၊ ကုမ္ပဏီရှေ့ သပိတ် စခန်းမှ ရဟန်းသံဃာ တချို့ ရိုက်နှက်ခံရကြောင်းနှင့် မုံရွာ ဆေးရုံကို သံဃာ ၁၇ ဒါဏ်ရာ များနှင့် ရောက်နေကြောင်း မုံရွာ ပွင့်လင်း လူ့အဖွဲ့အစည်းက တာဝန်ခံ တဦးက ဧရာဝတီကို ပြောသည်။  
http://blog.irrawaddy.org/2012/11/blog-post_8800.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif