ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့အား ၂၀၁၀ ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ- ဧရာဝတီ
ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်ကြူကြူလှတို့ရဲ့ သားထွေး အောင်ပြည်စုံ (ခ) ဖိုးသား နဲ့ မမျိုးရတနာထိုက် တို့ရဲ့ မင်္ဂလာ ကျေးဇူးတင်လွှာကို ယနေ့ သတင်းစာမှာ ဖော်ပြထား ပါတယ်။
အဆိုပါ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်လေးများစွာအား ကျေးဇူးတင်ကြောင့် ဖော်ပြတဲ့ ကျေးဇူးတင်လွှာမှာ တချိန် က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အမည်နာမကိုတော့ မတွေ့ရလို့ တက်ရောက်မှု မရှိဘူးလို့ ပြောရမလားပါဘဲ။
ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ အမည်နာမလည်း အဆိုပါ ကျေးဇူးတင်လွှာမှာ ပါမလာတော့ တက် ရောက်လာမှု မရှိဘူးပြောရမှာပါ။
အစောပိုင်း သတင်းတွေမှာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအနေနဲ့ အဆိုပါ မင်္ဂလာပွဲ တက်ရောက်နိုင်တယ်လို့ လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
မင်္ဂလာ မောင်နှံဟာ နိုဝင်ဘာလ ၈ ရက်နေ့က နေအိမ်မှာ မင်္ဂလာ မော်ကွန်း လက်မှတ်ရေး ထိုးကြရာမှာ ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးနဲ့ ဦးတိုးနိုင်မန်းတို့က အသိသက်သေအဖြစ်ဆောင် ရွက်ခဲ့ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ရန်ကုန်မြို့ ကမ္ဘာအေး ပရိယတ္တိ သံဃာ့တက္ကသိုလ်၊ မိုးကုတ်ဆွမ်းစား
ဆောင်မှာ မင်္ဂလာ ဆွမ်းကျွေးလည်း လုပ်ခဲ့ပါသေးတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ရန်ကုန်မြို့ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမ္မာန်ခန်းမကြီးမှာ မင်္ဂလာ အခမ်းအနား လက်ထပ် ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမ္မာန်ခန်းမကြီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မင်္ဂလာပွဲ ဆင်ယင်ကျင်းပခဲ့သလို၊ စစ်ဘက် ထိပ်တန်းခေါင်းဆောင်တို့ရဲ့ သား၊ သမီးများရဲ့ မင်္ဂလာ ပွဲများ ကျင်းပရာနေရာလည်းဖြစ်ပါတယ်။
အဆိုပါ ကုန်မြင့်သာ ဇေယျာသိရိဗိမ္မာန် ခန်းမကြီးက မင်္ဂလာ ဧည့်ခံပွဲမှာတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဇနီး၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ဇနီး၊ ဒုတိယ သမ္မတများနဲ့ သူတို့ရဲ့ ဇနီးတွေ၊ အစိုးရ အဖွဲ့ထိပ်တန်းခေါင်းဆောင်တွေ၊ အစိုးရ အဖွဲ့ဟောင်းက ပုဂ္ဂိုလ်တွေ၊ စစ်ဘက်၊ နယ်ဘက်က ထပ်တန်း ပုဂ္ဂိုလ်တွေ အတော်စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။
မင်္ဂလာကျေးဇူးတင်လွှာကို ကြည့်ရင် မြန်မာနိုင်ငံမှာ အခမ်းနားဆုံးနဲ့ ထိပ်တန်း စစ်ဘက်နယ်ဘက် စုံလင်စွာ တက်ရောက်တဲ့ မင်္ဂလာပွဲ တခုဖြစ်တယ်ဆိုတာ အသေအချာပါ။
ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သားဖြစ်သူရဲ့ မင်္ဂလာပွဲမှာ လက်ဖွဲ့ပစ္စည်းများနဲ့ပတ်သက်လို့ အသေးစိပ် မသိရှိရသေးပါဘူး။
ယခင့် ယခင်က ထိပ်တန်းတာဝန်ရှိသူများရဲ့ သားနဲ့ သမီး မင်္ဂလာပွဲတွေဆိုရင်တော့ မင်္ဂလာလက်ဖွဲ့အနေနဲ့ တရားဝင်လက် ဆောင်ပဏ္ဍာတွေ ပေးအပ်ကြတာပါ။ အခုကာချုပ်ကတော့ လာဘ်ပေး၊ လာဘ်ယူနဲ့ ပတ်သက်တဲ့ အနံ့ဆိုး မထွက်တာကြောင့်လည်း လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေနဲ့ အထက် လူကြီးတွေက သဘောကျခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
0 comments:
Post a Comment