"မင်းတို့ အလုပ်လုပ်တာ ငါအိပ်နေသလောက်ပဲ ရှိတယ်"
ရဲအရာရှိတယောက် ကားထဲ အိပ်နေပုံ ဖြစ်ပါတယ်။ ဒီမနက် ရောက်လာမယ့် အိုဘားမားခရီးစဉ် မတိုင်ခင် ဒီအရာရှိ နာရီဘယ်လောက်ကြာ တာဝန်ယူထားမှန်း မသိရပါဘူး။ ပင်ပန်း အိပ်ရေးပျက်လို့ ယာယီ အိပ်နေတာလည်း ဖြစ်နိုင်ပါတယ်။
အိုဘားမားရဲ့ ရန်ကုန်မြို့ခရီးစဉ်မှာ မြန်မာအစိုးရက လုံခြုံရေးဝန်ထမ်း ရာထောင်ချီ ချထားတာပါ။
အိမ်ရှင်နိုင်ငံက မည်မျှပင်လုံခြုံရေးပေးစေကာမူ အမေရိကန်ခေါင်းဆောင်များရဲ့ ပြည်ပခရီးစဉ်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးအစီအစဉ်များ ရှိပါတယ်။
သူတို့သွားလာမယ့် နေရာတွေကို ရက်အတန်ကြာကတည်းက လုံခြုံရေးအစီအမံတွေ သွားရောက် ဆောင်ရွက်တတ်ကြတာပါ။
အဲဒီလို ဆောင်ရွက်ရာမှာ ကျွမ်းကျင်ဝန်ထမ်းကအစ အနံ့ခံခွေး၊ ဗုံးရှာကရိယာအဆုံး ပါဝင်တတ်ပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_4165.html
0 comments:
Post a Comment