http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Nov 2012

လူကြီးနာမည်သုံး အနိုင်ကျင့် ဗိုလ်ကျမှု




ခေတ်စံနစ်ပြောင်းလဲနေပြီဖြစ်သော်လည်း နယ်အချို့၌ လူကြီးနာမည်သုံး၍ ဗိုလ်ကျမှုများ ရှိနေဆဲမို့  ခရီးသွား ဧရာဝတီ ရဲ့ ဆောင်းပါး တပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ 

၅၊၁၁၊၂၀၁၂ရက်ညက ကသာမြို့ ရပ်ကွက်(၉) ရှိ စားသောက်ဆိုင်တစ်ခုတွင် တပ်မတော်မှ အရာရှိဆို
နှင့် အပေါင်းအပါတစ်ဦးတို့မှ လူကြီး နာမည်သုံး၍ ခြိမ်းခြောက် အနိုင်ကျင့်မှုများ ပြုလုပ်သွားခဲ့ကြောင်း ကိုယ်တိုင်ကြားခဲ့သူတစ်ဦးက ယခုလိုပြောပြခဲ့ပါသည်။ 

"အဲဒီညက ကျွန်တော်နဲ့ အပေါင်းအသင်းတစ်ချို့ အဲဒီ ကာရာအိုကေစားသောက်ဆိုင်မှာ စားနေကြတုန်း စားသောက်ဆိုင်အခန်းထဲကနေ အခန်းတစ်ခုထဲကနေ မိုက်မပိတ်ဘဲ အော်ဟစ်ကြိမ်းမောင်းသံ တစ်ခုကြား ရပါတယ်၊ တစ်ဆိုင်လုံး ကြားကြတာပေါ့၊ မိုက်ခွက်ကနေ ပြောနေတဲ့ အသံကြီးကိုးဗျ၊ ငါ့နာမည် ဗိုလ်ကြီး 
ဝေဖြိုးသာ ဆိုလား( ဗိုလ်ကြီးဝေဖြိုးပိုင်ဆိုလား၊) ကွ၊ ခလရ (၃၂၀)က အရာရှိကွ၊ကိုယ်ပိုင်နံပါတ်လည်း သိချင်ယူထားလိုက်၊ ကြည်း ၄၇၅၄၆ ကွ၊ တိုင်ချင်တဲ့ သူဆီတိုင်၊ ငါ့ဦးလေးက ဒီတိုင်းက ၀န်ကြီးချုပ် ဦးသာအေး ကွဆိုတဲ့ အသံတွေပါ။ 

ဆိုင်ရှင်ရဲက ပြန်ပြောသံတွေလည်း ကြားရတယ်၊ မသဲကွဲပါဘူး၊ ခဏနေတော့ အဲဒီအခန်းထဲကနေ လူတစ်ယောက်ထွက်လာတယ်။ 

အဲဒီ လူကိုတော့ ကျွန်တော်သိပါတယ်၊ ကသာမြို့ ဆည်မြောင်းတာဝန်ခံ လမ်းဗိုလ် ဦးမျိုးလွင်ဦး ဆိုတဲ့ သူပါ၊ သူနောက်က ဆိုင်ရှင်လည်း ပါလာ တယ်၊သူက ဆိုင်ရှင်ကိုဟိန်းဟောက်ပြီးဆိုင်လိုင်စင်တွေ တောင်း တယ်။ 

ဆိုင်ရျင်ကလည်း “ခင်ဗျားက တာဝန်ရှိတဲ့ စစ်ဆေးသူမဟုတ်ပေမယ့် ကျွန်မတို့ဆိုင်ဟာ လိုင်စင် အပြည့်အစုံနဲ့ တရားဝန်လုပ်တဲ့ဆိုင်ဖြစ်တယ်ဆိုတာ သိစေချင်လို့ ပြပါ့မယ်”ဆိုပြီး ဆိုင်လိုင်စင်တွေ ထုတ်ပြပါတယ်။ 

လမ်းဗိုလ် ဦးမျိုးလွင်ဦးဆိုသူက စိတ်တိုင်းကျ လိုင်စင်တွေကို စစ်ဆေးနေတုန်းပဲ ဗိုလ်ကြီးဝေဖြိုးသာ (ဝေဖြိုးပိုင်) ဆိုသူရဲ့ ဖုန်းပြောသံ ထွက်လာပါတယ်၊ အဲဒီဖုန်းပြောသံတွေထဲမှာ ”ဟေ့ကောင် မင်းအဆင့်က ဘာအဆင့်လဲ၊ပြောစမ်းကွ၊ မင်းကိုယ်ပိုင်နံပါတ်ပြောစမ်း၊ ငါက ဦးသာအေးရဲ့တူ ခလရ ၃၂၀ က အရာရှိကွ၊ မင်းပြုတ်သွားချင်လို့လား” ဆိုတဲ့ ဟိန်းဟောက်သံတွေပါ။ 

ဒီလို စားသောက်ဆိုင်ထဲမှာ ဆူညံနေတာ (၂)နာရီလောက်ကြာပါတယ်၊ ၀ိုင်းအချို့က လည်း ကြောက်လန့် ပြီး ထပြန်ကုန်ကြပါတယ်။ 

ကျွန်တော်တို့ကသာ စပ်စုချင်လို့ ဘာဖြစ်ဦးမလဲဆိုပြီး ဆက်စောင့်ကြည့်ရင်း ထိုင်နေကြတာပါ။ အတော်ကြာကြာ လိုင်စင်တွေစစ်ပြီးတော့မှ “အေး နင်တို့ဆိုင်ကောင်းကောင်း သတိထား၊ ငါ့ဦးလေး ကို ပြောပြီး ပိတ်ခိုင်းပြမယ်” လို့ ဆိုပြီး ဆိုင်ကယ်နဲ့ ထွက်သွားကြတာပါ”ဟုပြောပါသည်။

အခြားထိုဆိုင်တွင် စားသောက်သူတစ်ဦးကလည်း “ဟုတ်တယ်၊တော်တော်ကို အနိုင်ကျင့်လွန်းပါတယ်။ ကြားရတာ စိတ်ပျက်စရာပါ၊ကျွန်တော်ကတော့ ပြဿနာအရင်းအမြစ်ကို သိချင်လို့ စားပွဲထိုးတစ်ယောက် ကို မေးကြည့်ဖြစ်ပါတယ်။ 

ဘာက စဖြစ်တာလဲလို့ပေါ့၊စားပွဲထိုးပြောတာကတော့ ပိုက်ဆံရှင်းခါနီးမှာ ဆိုင်ရှင်ကိုရစ်တယ်ပေါ့။ သီချင်း (၂)ပုဒ် အလကားပေးရမယ်၊ မပေးရင် ငွေ မရှင်းဘူးပေါ့၊ဒါနဲ့ စားပွဲထိုးက ဆိုင်ရှင်ကိုသွားပြောတော့ ဆိုင်ရှင်က လိုက်လာပြီး အဲဒီလို အနိုင်ကျင့်တာ မကောင်းကြောင်း ဒါပေမယ့် ဆိုချင်ရင် သီချင်း (၂)ပုဒ် အလကားပေးရမှာပေါ့လို့ ပြောတယ်တဲ့။ 

အဲဒီလို အနိုင်ကျင့်တယ်လို့ပြောတာကို စစ်ဗိုလ်က မကျေနပ်ဘဲ ဆိုင်ရှင် ပြဿနာရှာခဲ့တာဖြစ်ကြောင်း သိရပါတယ်”ဟုဆိုပါသည်။ 

ယခုလို နိုင်ငံတော် အကြီးအကဲ စစ်ဘက်ရော နယ်ဘက်ကပါ လူထုကို အပြောင်းအလဲတွေ ချောင်ချိမှုတွေ လုပ်ပေးနေချိန်တွင် စစ်ဗိုလ်ဆိုတဲ့ အရှိန်အ၀ါ၊၀န်ကြီးချုပ်၏တူဆိုသော အပြောအဆို များဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှုများမှာ ကြားရသူလူထုအတွက် အထင်အမြင်လွဲမှားစေနိုင်သော ပြုမူ ချက်ဖြစ်ပါ
ကြောင်း ရေးသားလိုက်ရပါသည်။ 

(ခရီးသွား ဧရာဝတီ) 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif