http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Nov 2012

ဗိုလ်ချုပ်မှူးကြီးပေးတဲ့ သင်ခန်းစာ



ပြည်တွင်းထုတ် ဂျာနယ်မှာ ဒီရက်ပိုင်း ထင်ထင်ရှားရှား သတင်း တပုဒ်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အငြိမ်းစား ၆၉ ဦးတို့ရဲ့ အိမ်အကူ၊ အလုပ်သမား၊ ဥယျာဉ်လုပ်သားတွေ အတွက် ထောက်ပံ့ကြေးငွေကို နိုင်ငံတော်မှ ရယူဖို့ လွှတ်တော်မှာ တင်သွင်းကြသတဲ့။ 
ဗိုလ်ချုပ်မှူးကြီးက အိမ်တော်မှာတော့ ထမင်းချက် ၅ ဦး၊ အိမ်အကူလုပ်သား ၅ ဦး၊ ဥယျာဉ်လုပ်သား ၅ ဦး တို့ရှိတယ်လို့လည်း ဖတ်လိုက်ရပါတယ်။ 

စာဖတ်နေဖို့အတွက် အခုလို ထမင်းချက်တွေ၊ အိမ်အကူတွေ လိုအပ်သလို နေပူတော်ကြီးမှာ စိမ်းလန်း စိုပြေနေစေဖို့ ပန်း ဥယျာဉ်တွေ စိုက်ပျိုးနေတယ် ထင်ပါရဲ့။ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးကို ဗိုလ်ချုပ်မှူးကြီး လုပ်နေ ထင်ရဲ့။ ကမ္ဘာမြေကို ချစ်မြတ်နိုးတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့ သစ်ပင် ဥယျာဉ်တွေ စိုက်ပျိုးကြဖို့ သတိပေးလိုက်သလို သင်ခန်းစာ တခုလည်း ရပါတယ်။ 

ဟိုတလောကလည်း ဗိုလ်ချုပ်မှူးကြီးကို ပင်စင် လစာ တလမှာ ကျပ် သိန်းပေါင်း ၁၀၀ ဆိုတဲ့ သတင်းတွေ ထွက်လာ၊ အခုလည်း အိမ်အကူတွေအတွက် အခွန်ထမ်း ပြည်သူတွေရဲ့ ဘဏ္ဍာငွေဖြစ်တဲ့ နိုင်ငံတော် ထံ က ထောက်ပံ့ စာရိတ်တောင်းခံလိုက်တာပါ။ 

ဗိုလ်ချုပ်မှူးကြီးအပြင် အရင်စစ်အစိုးရ ခေါင်းဆောင် စုစုပေါင်း ၆၉ ဦးတို့ရဲ့ အိမ်အကူတွေအတွက် ပါ ထောက်ပံ့ကြေး တင်ပြတောင်းဆိုခဲ့တာဆိုတော့ တဦးချင်းရဲ့ပင်စင်လစာအပြင် အိမ်အကူ အဆောင် အယောင်တွေပါ ဆက်လက်ပေးထားရတဲ့အခြေအနေကို ထင်ဟပ်တာလည်းဖြစ်ပါတယ်။ဒီသတင်းဟာ မည်သို့ပင်ဆိုစေ ပြည်သူတွေရင်ထဲ ဆို့နင့်သွားတာတော့ အမှန်ပါပဲ။

မြန်မာပြည်သူတွေဟာ အရင်တုန်းက စစ်ခေါင်းဆောင်တွေ ဘယ်လို၊ ဘယ်လောက် အသုံးစာရိတ် ရှိတယ် မသိခဲ့ကြပေမယ့် အခု လို ပွင့်လင်းစ ပြုလာတဲ့ အချိန်မှာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်မှု အစ၊ အနတွေ တင်ပြလာနိုင်လို့သာ သိခွင့် ရကြတာပါ။ 

ဒီလို သတင်းလွတ်လပ်မှု အစအနလေးတွေ သိခွင့် ရလာဖို့အတွက်  ဘ၀တွေနဲ့ အသက်တွေ၊ ချွေး 
တွေ နှစ်ပေါင်း အတော်ကြာ ရင်းနှီးပေးဆပ်ခဲ့ကြရပြီး အခက်အခဲကြားထဲက ရလာတာမို့ တန်ဖိုး ထား လေးစားကြဖို့ နောက်ထပ် သင်ခန်းစာလည်း ရလိုက်ပါတယ်။ 

အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး ချောချောမွေ့မွေ့ ဆက်လက် ဖြစ်နေစေရေး ဗိုလ်ချုပ်မှူးကြီး အပါအ၀င် ယခင် စစ်ခေါင်းဆောင်များရဲ့ အိမ် အကူလုပ်သားတွေ အတွက်ပါ နိုင်ငံတော်က ဆက် လက် ထောက်ပံ့ပေးနေဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ ဒီသတင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း သင်ခန်းစာ ပေးလိုက်ပါသေးတယ်။ 
  
လူတွေကတော့ ဘာပဲ ပြောပြော ဗိုလ်ချုပ်မှူးကြီးနဲ့ပတ်သက်လာရင် စိတ်ဝင်စားနေကြတာကတော့ အမှန် ပါပဲ။  

http://blog.irrawaddy.org/2012/11/blog-post_4380.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif