http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Nov 2012

တောင်ကြီးက အင်တာနှေး နဲ့ GSM ပျက်










တနင်္ဂနွေနေ့မှ စတင်ပြီး  တောင်ကြီးမြို့တွင်  အင်တာနက်လိုင်းများ၊  GSM ဖုန်းလိုင်းများ နှေးကွေး ပြတ်တောက်နေသဖြင့်  အင်တာနက်ဆိုင်များ၊ GSM ဖုန်း သုံးသူများ ညည်းတွားနေကြရသည်။

     ဖုန်းအသုံးပြုသူဒေသခံတစ်ဦးကလည်း ဆက်လို့ရလိုက်၊ မရလိုက် ဖြစ်နေကြောင်း ပြောသည်။

ဆက်သွယ်ရေးက ဆာဗာပြင်နေတယ်တော့ ကြားတယ်၊ တရားဝင် အသိပေးတာတော့ မရှိပါဘူး ဟု တောင်ကြီးမြို့ အင်တာနက်ဆိုင်များက တညီတညွတ်တည်း ပြောပြသည်။

ပြည်နယ်လျှပ်စစ်ရုံးက စနေ တနင်္ဂနွေနေ့တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လျှပ်စစ်မီး  ခေတ္တ ဖြတ်တောက်မည်ကို တရက် ကြိုတင်ပြီး   တောင်ကြီးမြို့တွင်းကားဖြင့် လှည့်လည်ကာ ပြည်သူများ သိရှိစေရန် အသိပေးခဲ့သည့်အတွက် ဒေသခံတို့ ကျေနပ်မှု ရှိစေသည်ဟု တောင်ကြီးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

သို့သော်လည်း ယခုကဲ့သို့ ဖုန်းလိုင်းများ ၊အင်တာနက်လိုင်းများ ပျက်တောက်နှေးကွေးနေမှုကို ကြေငြာချက်အသိပေးခြင်း သတိပေးချက် မရရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင်  ပွင့်လင်းမြင်သာမှု အားနည်းနေသေးကြောင်း၊ လုပ်ငန်းကိုင်ငန်း  စီးပွားရေးကိစ္စများ အတွက် ဆက်သွယ်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif