http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Dec 2012

Air Bagan လေယာဉ် ထိခိုက်မှု ၂ ဦးသေ ၁၂ ဦး ဒဏ်ရာ ရ




မန္တလေးမှ ဟဲဟိုးမြို့ကို ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက ပျံသန်းလာတဲ့ Air Bagan လေ 
ကြောင်းလိုင်းက ခရီးစဉ် W-9 011 လေယာဉ်တစီး ထိခိုက် မီး လောင် မှုကြောင့် ၂ ဦးသေ ဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ 


  Air Bagan လေယာဉ်တစီး၊ ဓာတ်ပုံ- http://www.crash-aerien.aero

လေယာဉ် ကပ္ပတိန် မောင် မောင်ထွေးပါ လေယာဉ်အမှုထမ်း ၆ ဦး၊ လေယာဉ် လုံခြုံရေး ၂ ဦး၊ နိုင်ငံခြား သား ၅၁ ဦး အပါအ၀င် ခရီးသည် ၆၃ ဦး၊ စုစုပေါင်း လူဦးရေ ၇၁ ဦးတင်ဆောင်ထားသော လေယာဉ် တစီးဟာ ဟဲဟိုး လေဆိပ် အနီးမှာ အရေးပေါ် ဆင်းခဲ့ရတယ်လို့ မြန်မာအသံက နေ့လယ် ၁၀ နာရီ ၅၅ မိနစ်မှာ ကြားဖြတ်သတင်းအဖြစ် ကြေငြာ သွားပါတယ်။ 

မြန်မာ့ ရုပ်မြင်သံကြား အဆိုအရ ၈ နာရီ ၅၅ မိနစ်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းများအတွင်းသို့ မှားယွင်းဆင်းသက် ခဲ့ပြီး လေယာဉ် အမြီးပိုင်းကျိုး၍ မီးလောင်ခဲ့ကြောင်း၊ နံနက် ၉ နာရီတွင် မီးသတ်ကားများ ရောက်ရှိငြိမ်း သတ်ခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ခရီးသည်တွေကို ကယ်တင်ခဲ့ပြီး လေယာဉ် ကွင်း အနီးတွင် ယာယီ စောင့်ရှော်ကထားကြောင်းလည်း မြန်မာ့ ရုပ်မြင်သံကြားက ကြေငြာသွားခဲ့ပါတယ်။ 

အသက် ၁၁ နှစ်အရွယ်ခန့် ကလေးတဦးသေဆုံးခဲ့ပြီး လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ခရီးသည် ၉ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာ ရှိခဲ့လို့ ဟဲဟိုးနဲ့ တောင်ကြီး စပ်စံထွန်း ဆေးရုံတွေ ကို ပို့၍ ဆေးကုသပေးနေ ကြောင်းလည်း သိရပါတယ်။ 

မှားယွင်း ဆင်းသက်မှုကြောင့် ဆိုင်ကယ်စီးနေသူ ၂ ဦးအား တိုက်မိပြီး ၁ ဦးသေဆုံးက ၁ ဦး ဒဏ်ရာ ရှိခဲ့ကြောင်းမြန်မာ ရုပ်မြင်သံကြားက ကြေငြာခဲ့တာမို့ အခုဖြစ်စဉ်မှာ သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၂ ရှိတာဖြစ်ပါတယ်။ 

ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်ကြားရေး ၀န် ကြီးဌာနရဲ့ ကြွေးကြော်ထားချက်ဖြစ်တဲ့ ပြည်သူ ဗဟိုပြု Public Media Service လို့ ဆိုထားတဲ့အတိုင်း အချိန်နဲ့ တပြေးညီ နိုင်ငံပိုင် မီဒီ ယာတွေက ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။ 

“Air Bagan လေယာဉ်သတင်းနဲ့ပတ်သက်ပြီး အတိအကျသတင်းထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက် လျှက် ရှိကြောင်း တင်ပြ အပ်ပါတယ်။ ကနဦး သတင်းများရရှိထားပြီးဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အခြေ အနေများကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့ အတွက် ဆက်သွယ်ဆောင်ရွက်လျှက်ရှိပါတယ်” လို့ ဦးရဲထွဋ် က ရေးထားပါတယ်။ 

ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းကြေငြာသူက အဆိုပါ အဲယားပုဂံလေယာဉ် ထိခိုက် မီးလောင်မှု သတင်း ကို ချက်ချင်းမကြေညာနိုင်ခဲ့ဘဲ ၁၀ နာရီ ၅၅ မိနစ်အချိန်ရောက်မှသာ ကြေငြာခဲ့ပါ တယ်။ 

အခုဆိုရင် ဟဲဟိုး လေဆိပ်ရှိရာသို့ Air Bagan လေဆိပ်ကို အဆိုပါ ကုမ္ပဏီပိုင်ရှင် ဦးတေဇ လည်း ရောက် ရှိ လာပြီး ထိခိုက် ဒဏ်ရာရသူတွေနဲ့ လေယာဉ်စီးခရီးသည်တွေကို အားပေးဖို့ ရောက်လာ တယ်လို့ သိရ ပါတယ်။ 

အစောပိုင်း Air Bagan က သတင်းထုတ်ပြန်မှုတွင် သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ 

ပြန်ကြားရေး ၀န်ကြီးဌာနက ထုန်ပြန်ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

 

 http://blog.irrawaddy.org/2012/12/air-bagan_25.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif