မြန်မာနိုင်ငံဟာ အားကစား အပါအ၀င်နယ်ပယ်အသီးသီးမှာ ဒေသတွင်း အာဆီနိုင်ငံတွေကိုတောင် မနည်း ယှဉ်ပြိုင်နေရပြီး မကျော်လွှားနိုင်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ပြီ၊ တို့မြန်မာ နိုင်ပြီဆိုတဲ့ တေးသံတွေဟာ တခါ တခါ မှေးမှိန်နေတတ်ပါတယ်။ ဒါပေမယ့် အခုတော့ ဒေသတွင်း အာဆီယံ နိုင်ငံတွေကို ကျော်ဖြတ်သွားပါ ပြီ။
ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေး (methamphetamine) အလုံးရေ ၄ သန်းကျော် ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ - http://www.posttoday.co)
အကြောင်းကတော့ ကုလသမဂ္ဂလက်အောက်ခံ မူးရစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာ UNODC ရုံးက ယခု ၂၀၁၂ ခုနှစ်အစီရင်ခံ စာမှာတော့ ဒေသတွင်း အာဆီယံနိုင်ငံအားလုံးကို ကျော်ပြတ်သွားပြီး မူရစ်ဆေးဝါး၊ မက်သာဖက်တမင်း စိတ်ကြွဆေး အများဆုံး ထွက်တဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ယမန်နေ့က Asian Correspondent သတင်းတခုမှာ ဖော်ပြထားပါတယ်။
အာရှ ပစ္စိဖိတ် နိုင်ငံပေါင်း ၁၅ နိုင်ငံထဲက ၁၃ နိုင်ငံမှာ စစ်တမ်းကောက်ယူထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ်က ထက် ၅ ဆ ပိုများလာပါတယ်လို့ ဆိုထားပါတယ်။
“မက်သာဖက်တမင်း စိတ်ကြွဆေးပြဿနာက အရှေ့နဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ ပိုဆိုးလာ တယ်”လို့ UNODC ရဲ့ အရှေ့အာရှနဲ့ ပစ္စိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ Gary Lewis က ဆိုပါတယ်။
အဆိုပါဆေးဝါးတွေဟာ မြန်မာနိုင်ငံက အဓိက အများဆုံးထွက်ရှိတာဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ် က ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီသတင်းကြောင့် မြန်မာနိုင်ငံအနေနဲ့ တခြား အားကစား အပါအ၀င် နယ်ပယ် အသီးသီးမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ မြန်မာ နိုင်ပြီ၊ တို့မြန်မာနိုင်ပြီ လို့ ကြွေးကြော်သံဟာ တခါတခါ တိတ်တိတ်လေးဖြစ်နေပေ မယ့် ဒီလို မူးရစ်ဆေးဝါးနဲ့ ပတ်သက်တဲ့နေရာမှာတော့ အသံကုန် ဟစ်ကြွေးနေနိုင်တာ စဉ်းစားစရာဖြစ်ပါ တယ်။
http://blog.irrawaddy.org/2012/12/blog-post_3363.html






Kuala Lumpur Time

0 comments:
Post a Comment