http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Dec 2012

ဝန်ကြီးဦးကျော်ဆန်းသား အာမခံ ရပြီ



- 
ဝန်ကြီး ဦးကျော်ဆန်း

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းရဲ့ သားဖြစ်သူ ကိုသီဟအောင် တရားစွဲဆိုခံထားရပြီး ဒီဇင်ဘာ ၇ ရက်နေ့ ရုံးချိန်းမှာတော့ တရားရုံးက သူ့ကို အာမခံပေးလိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်း ဒီဇင်ဘာ ၁၃ ရက်စွဲတပ် 7 Day သတင်းဂျာနယ်မှာ ရေးထားတာပါ။
တရားစွဲသူကတော့ သူနဲ့ လက်ထပ်ခဲ့တဲ့ မမြနန္ဒာညွန့် ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးအား လူပျို လူလွတ်၊ အိမ်ထောင်မရှိဟု ပြောကြားကာ လက်ထပ်ပြီး စွန့်ပစ်သွားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၄၁၇ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသီဟအောင်ဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျောက်တံတား မြို့နယ် တရားရုံးက သိန်း ၃၀ တန် ခံဝန်ဖြင့် အာမခံပေးလိုက်ကြောင်း လို့ သတင်းမှာ အစချီ ရေးသားထားပါတယ်။

ရက်စွဲများ
၂၀၁၀ ဇွန် ၁၉ နှစ်ဦးသဘောတူ လက်ထပ်စာချုပ် ချုပ်ဆို
၂၀၁၂ မေ ၈ မမြနန္ဒာညွန့်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးမှာ တရားစွဲ
၀၁၂ သြဂုတ် ၁၃ မြို့နယ် တရားရုံးက အမှု ပလပ်သဖြင့် ခရိုင်တရားရုံးသို့ တိုင်ကြား။ အမှုလက်ခံရန် ခရိုင်ရုံးက အမိန့်ချ။

တရားစွဲဆိုနေစဉ်အတွင်း ကိုသီဟအောင် မိသားစုဘက်မှ ကွာရှင်းပေးဖို့ ငါးကြိမ်တိတိ ပြောကြားခဲ့၊ မကွာရှင်းပါက သတင်းစာများတွင် ၎င်းတို့၏ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်ထည့်သွင်းမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

၂၀၁၂ စက်တင်ဘာ ၂၇ ၀န်ကြီးဦးကျော်ဆန်းက ကိုသီဟအောင် သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြော်ငြာ သတင်းစာမှာ ဖော်ပြ။
၂၀၁၂ ဒီဇင်ဘာ ၇ တရားရုံးက ကိုသီဟအောင်ကို အာမခံဖြင့် လွှတ်ထား

ကိုးကားချက် - 7 Day ဂျာနယ်။

စာချုပ် ချုပ်ထားတယ် ဆိုတော့ လင်မယားအရာ မြောက်နေပါတယ်။ လင်မယား ဆိုတော့လည်း ပစ္စည်း ပိုင်ဆိုင်ခွင့်တွေ ရှိနေတာပါ။
ဒီအမှု ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ်။ 
 http://blog.irrawaddy.org/2012/12/blog-post_1966.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif