![]() |
စက်ဘီးမြို့တော် မန္တလေးက ဆိုင်ကယ်မြို့တော် ဖြစ်နေပါပြီ။
မန္တလေးအခြေစိုက် ရတနာပုံသတင်းစာမှာ မြို့တွင်း ၄ မြို့နယ်၊ မြို့ပြင် ၃ မြို့နယ် ယာဉ်အရေအတွက် နဲ့ ယာဉ်တိုက်မှု ကိန်းဂဏန်းတွေကို စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ထုတ် ရတနာပုံသတင်းစာမှာ ဖော်ပြထားတဲ့ အထက်ပါ ဒီကိန်းဂဏန်းများအရ ဆိုရင် စက်ဘီးမြို့တော်အဖြစ် လူသိများခဲ့တဲ့ မန္တလေးဟာ ဆိုင်ကယ်မြို့တော် ဖြစ်လာနေပါပြီ။
![]() |
ထိခိုက်မှုကတော့ ၁၇၁ ဦးသေ၊ ၆၁၁ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တလကို ၁၅ ဦး သေဆုံးတဲ့သဘောပါပဲ တဲ့။
မန္တလေးအတွက်တော့ ပြီးခဲ့တဲ့နှစ် ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီနှစ်ဟာ ယာဉ်တိုက်မှု ၂ ဆနီးပါး ဖြစ်ပွားမယ့်သဘောရှိပါတယ်။
မန္တလေးခရိုင် ၇ မြို့နယ်အတွင်း တမြို့နယ်ကို ယာဉ်တိုက်မှု ဘယ်လောက် ရှိသလဲ ခုလို တွေ့ရမှာပါ။
ပုသိမ်ကြီး နဲ့ အမရပူရ သေဆုံးနှုန်း များပြားရတာက “အဝေးပြေးလမ်းမကျယ်ကြီးများ ပါဝင်နေသဖြင့် လမ်းကောင်းကောင်း အရှိန်ကောင်းကောင်း မောင်းရာမှ ဤသို့ အသေများကြရပါသည်” လို့ ဆိုပါတယ်။
ကျန်မြို့တွေကတော့ အရှိန်ပြင်းပြင်းမောင်း၊ လုမောင်းကြတဲ့ အကျိုးဆက်ကြောင့် တိုက်ကြ သေဆုံးကြပါတယ် တဲ့၊
ဒီ ၇ မြို့နယ်အတွင်း သတ်မှတ်ထားတဲ့ မောင်းနှုန်းက တနာရီ မိုင် ၃၀ လို့ ဆိုပါတယ်။
ခရီးသည်တင်ယာဉ်၊ အဝေးပြေးယာဉ်တွေကြောင့် ယာဉ်တိုက်မှုဖြစ်တာ နည်းတယ်လို့ သိရပါတယ်။
အများဆုံး တိုက်ကြတာကတော့ လူငယ်တွေပါပဲ တဲ့။ ပညာပေးဟောပြောပွဲတွေကိုတော့ လူငယ်တွေ မတက်ကြဘူးလို့ ဆိုပါတယ်။
ယာဉ်စည်းကမ်း နားလည်မယ်၊ ဆင်ဆင်ခြင်ခြင် မောင်းနှင်နေကြမယ် ဆိုရင် ယာဉ်မတော်တဆမှုတွေ သေဆုံးဒဏ်ရာရမှုတွေ လျော့ကျသွားမှာ အသေအချာပါပဲ။ တကယ်လုပ်ဖို့ပဲ လိုပါတော့တယ်။
http://blog.irrawaddy.org/2012/12/blog-post_2133.html






Kuala Lumpur Time


0 comments:
Post a Comment