http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Jan 2013

အစိုးရ၀န်ကြီးများဝါးတားတား"လို့လွှတ်တော်က ပြောပြီ







လွှတ်တော်အစည်းအဝေးတွေမှာ အမတ်တွေမေးမြန်းတာကို  ဖြေဆိုရာ အစိုးရ၀န်ကြီးတွေက တိတိကျကျ၊ ရေရေရာရာ မဟုတ်ဘဲ 
ဝါးတားတားတွေဖြေနေကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အစီရင်ခံစာကို ဦးဖေသန်းက ၀င်ရောက် ဆွေးနွေးရင်း အဲဒီလို ပြောသွားတာပါ။

"ကြယ်ပွင့်မပြ မေးခွန်းတွေကို ဖြေရာမှာ တချို့ဝန်ကြီးတွေက ပြီးစလွယ်ဖြေတာတွေ၊ ခပ်ပါးပါးနဲ့ ဝါးတားတားဖြေတာတွေကို တွေ့ရပါတယ်" လို့ ဦးဖေသန်းက ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

ဒါ့အပြင် အစိုးရ၀န်ထမ်းတွေ ဝေစား မျှစားလုပ်ကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

"ကျောင်းတစ်ဆောင် ဆိုပါတော့၊ ဘတ်ဂျက်တွက်ချက်ပြီး ချပေးတာက သစ်မာသား၊ ပျဉ်းကတိုးသား တာဝန်ခံလုပ်တဲ့သူက သစ်ပွသားနှင့် လုပ်ပြီးတော့ သင်္ဘောဆေးသုတ် ဓာတ်ပုံရိုက် လက်မှတ်ထိုးပြီး အပေါ်တင်ပြ၊ ဝေစားမျှစား စားကြသောက်ကြ။
 ဥပမာ မြေပုံ-မင်းပြား လမ်းပေါ်မှာရှိတဲ့ ပြိုင်ချောင်းတံတား ဆိုရင် အပေါ်က သံယက်မ သံပေါင်တန်းတွေနဲ့ ဘေလီတံတားတိုင်ကျတော့ နှစ်ထွာခွဲလောက်ရှိတဲ့ သစ်လုံးမျောတိုင် အပေါ်ပိုင်း ဓာတ်ပုံရိုက်ပြီး အပေါ်တင်ပြ။အဲဒီလို ကိစ္စမျိုးလည်း နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။ 
ဒါတွေကို ပြည်သူ့ကိုယ်စား လွှတ်တော် မှာမေးတယ်" လို့ ဦးဖေသန်းက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း တင်ပြချက်ကိုhttp://www.pyithuhluttaw.gov.mm/news/2044#.UP-utvJ5pAp မှာ အပြည့်အစုံ  ဖတ်နိုင်ပါတယ်။ 
http://blog.irrawaddy.org/2013/01/blog-post_278.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif