မြန်မာနိုင်ငံရဲ့ဘဏ်သစ်တခုကို ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးဆိုင်ရာချေးငွေ ဌာနက အမေရိကန် ဒေါ်လာ ၂ သန်း ထုတ်ချေးမယ်လို့ ယမန်နေ့က ပြောလိုက်ကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဘဏ်အမည်ကို သတင်းထဲမှာ ဖော်ပြမထားပါဘူး။ အသေးစားလုပ်ငန်းတွေကို အကူအညီပေးတဲ့ဘဏ်လို့ပဲ ရေးထားတာပါ။
နိုင်ငံတကာ ဘဏ္ဍာငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (International Finance Corporation- IFC)က သူတို့ရဲ့ ကြေညာချက်မှာ ပြောတာက ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေး အောက်မှာနေခဲ့ရတဲ့ နိုင်ငံ တနိုင်ငံအဖြစ်ကနေ ရုန်းထ လာခဲ့တာကြောင့် နိုင်ငံခြား အလှူရှင်တွေကလည်း သူထက်ငါ လှူဒါန်းရန် ဆန္ဒရှိနေကြပြီး အခုထုတ်ချေးမယ့် ချေးငွေ အကြွေးဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု တခုဖြစ်တယ်လို့ ဆိုပါတယ်။
ယခုနှစ် ဘဏ္ဍငွေ လည်ပတ်မှုမှာ စတင်မယ့် ACLEDA MFI Myanmar လို့ ခေါ်တွင်တဲ့ ဘဏ္ဍာလုပ်ငန်း ဟာ Cambodia's ACLEDA Bank လိုဘဲ အသေးစားချေးငွေလုပ်ငန်းကို အကူအညီပေးနိုင်မှာဖြစ်ပြီး ဂျာမန်နဲ့ ပြင်သစ်တို့နဲ့ တွဲဖက် လုပ်ကိုင် ရမှာလည်းဖြစ်တယ်လို့ အဆိုပါ ကြေညာချက်က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်များစွာ အထီးကျန်နိုင်ငံအဖြစ်နေခဲ့ရတဲ့ ဆိုးကျိုးရလဒ်ကတော့ မြန်မာ့ဘဏ် လုပ်ငန်းကဏ္ဍ၀န် ဆောင်မှုဟာ ကမ္ဘာပေါ်မှာ တိုးတက်မှုမရှိဆုံး ဘဏ္ဍာရေး ၀န်ဆောင်မှု တခုဖြစ်တယ် လို့လည်း IFC က ပြောပါတယ်။
http://blog.irrawaddy.org/2013/01/blog-post_2658.html






Kuala Lumpur Time

0 comments:
Post a Comment