http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Jan 2013

န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ



  ရှစ်လေးလုံး အရေးတော်ပုံ ကာလ ရန်ကုန်မြို့ မြင်ကွင်း
 
တချိန်က စစ်အစိုးရရဲ့ လက်စွဲ အမိန့်အမှတ် ၂/၈၈ ကို သမ္မတ ဦးသိန်းစိန်က လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပါ ဥပဒေ ပုဒ်မ ၄၄၇ နဲ့ ဆန့်ကျင်နေတဲ့အတွက် ဇန်န၀ါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ သမ္မတရဲ့ အမိန့်အမှတ် ၃/ ၂၀၁၃ နဲ့ ဖျက်သိမ်းလိုက်ပါပြီ။ 

ဒီအမိန့်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာပြီးနောက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ 

မြန်မာ့အလင်းသတင်းစာ


 မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ စစ်ကောင်စီ အစိုးရက အမိန့်တွေ ဆက်တိုက်ထုတ်ခဲ့ပါတယ်။ 

အဲဒီအထဲမှာ ဒုတိယမြောက် အမိန့်ဖြစ်တဲ့ ၂ / ၈၈ ဆိုတဲ့ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ဟာ ထိုစဉ် က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေသာမက၊ အခြားသော နိုင်ငံသားတွေအတွက်ပါ ထိရောက်စွာ အရေးယူခဲ့တဲ့ အမိန့်ပုဒ်မလည်းဖြစ်ပါတယ်။ 

ဒီအမိန့်နဲ့ လူစုခွဲ၊ ပစ်မိန့်ပေးနိုင်တဲ့ အတွက် ၂/၈၈ အမိန့်ဟာ ယခင် စစ်အစိုးရများ တလျှောက်လုံး ကျင့်သုံး ခဲ့တာလည်းဖြစ်ပါတယ်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif