http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Jan 2013

မြန်မာ-ချက်၂ နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မယ်




 ဓာတ်ပုံ-MRTV4

မြန်မာနိုင်ငံဟာ ယနေ့အချိန်မှာ နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် နိုင်ငံတကာမှ စီပွားရေး လုပ်ငန်း ရှင်ကြီးများကလည်း လာရောက်လုပ်ကိုင်နေကြပါတယ်။ 

အခုဆိုရင်တော့ ဥရောပနိုင်ငံ အဖွဲ့ဝင် ဖြစ်တဲ့ ချက် သမ္မတနိုင်ငံမှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးဆောင်တဲ့ ၃၆ ဦးပါဝင်တဲ့ အဖွဲ့ဝင်များဟာ ဇန်န၀ါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ နဲ့ တွေ့ဆုံ ဆွေးနွေး မှု များကို (UMFCCI )မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MRTV 4 အဆိုအရ သိရပါတယ်။

 အဆိုပါ စီးပွားရေး ပူးပေါင်းလုပ်ဆောင်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိင်ငံက စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အဓိက ဆွေးနွေးခဲ့ကြတာကတော့ ဓာတုဗေဒ စက်မှုလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းတွေအကြောင်း၊ အဏုမြူ စွမ်းအင်သုံးအင်ဂျင်နီယာအကြောင်း ဆောက်လုပ်  
ရေးလုပ်ငန်းသုံး ပစ္စည်းတွေ အကြောင်း၊ သစ်သီးဝလံ စိုက်ပျိုးရေးလုပ်ငန်း အစ ရှိတာတွေ ကို ဆွေးနွေး ခဲ့ကြောင်းကို MRTV4သတင်းမှာ ဖော်ပြခဲ့ပါတယ်။ 

 ဒီအပြင် မိုဘိုင်းဖုန်း အသုံးအဆောင် ထုတ် လုပ်ရေး၊ သတ္တုလုပ်ငန်း၊ သံမဏိလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းကိရိယာလုပ်ငန်း နှင့် စက်ရုံအလုပ်ရုံများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးလုပ်ငန်း စတဲ့ အကြောင်းအရာများကို လည်း ထည့်သွင်းဆွေးနွေးကြတယ်လို့ဆိုပါတယ်။ 

 အခုလို ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံ တခုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ၂ နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စီးပွားရေး ရင်း နှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာမှုတွေဟာ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် ယခင်က ပိတ်ဆို့ အရေး ယူထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပြီးနောက်ပိုင်း အခုလို ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပေါ်လာ တာပါ။  
http://blog.irrawaddy.org/2013/01/blog-post_3294.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif