ဒေါက်တာ ဆိတ်ဖွား ကလောင်နဲ့ ရေးသားခဲ့တဲ့ ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား ဆိုတဲ့ ဆောင်းပါး
ပြည်ထောင်စု လွှတ်တော်က ယနေ့ဖွဲ့စည်းလိုက်တဲ့ ဒေါက်တာ ဆိတ်ဖွားဖော်ထုတ်ရေး ကော်မရှင် က ဒေါက်တာ ဆိတ်ဖွား မည်သူ မည်ဝါဖြစ်ကြောင်း စုံစမ်းရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို တာဝန်ပေးအပ်မှာဖြစ်တယ်လို့ အဆိုပါကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ယနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် “ဥပဒေအထက်မှာ လွှတ်တော်ရှိနေသ လား” ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ် အရေးယူ
နိုင်ဖို့ ကော်မရှင်တရပ်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်တွင် အဖွဲ့ဝင် ၁၇ ဦးပါဝင်ကြောင်း၊ ကော်မရှင် က ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပေးဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများထံ တာဝန်ပေးရမှာလို့ ကော်မရှင်၏ တာဝန်များတွင် ဖော်ပြထားကြောင်း သိရှိရပါတယ်။
“ကော်မရှင်မှာ လုပ်ငန်းတာဝန်တွေ အများကြီးပါတဲ့အထဲက ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ကို ဖော်ထုတ်ဖို့ အစိုးရအဖွဲ့အစည်းကို တာဝန်ပေးရမယ်လို့ ဖော်ပြထားတယ်။ အဲဒီတော့ ကော်မရှင်က လိုက်ရှာမှာမဟုတ်ဘူး။ အစိုးရအဖွဲ့အစည်းကို တာဝန်ပေးလိုက်မှာ။ တရားဝင် အစည်းအဝေး ခေါ်ပြီးတော့ တာဝန်ပေးမှာပေါ့။ အခုက ကော်မရှင်က စဖွဲ့ကာစပဲ ရှိသေးတယ်” ဟု ဦးဖုန်းမြင့်အောင်ကဆိုပါတယ်။
ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာပေါ်က သာလွန်ဇောင်းထက်ရေးသား ထားတဲ့ ဒေါက်တာ ဆိတ်ဖွား ဖော်ထုတ်ရေး စမည် ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါပြီ။
http://blog.irrawaddy.org/2013/02/blog-post_1865.html






Kuala Lumpur Time

0 comments:
Post a Comment