http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2013

ပုဒ်မ ၁၄၄ ထုတ်



မိထ္တီလာ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းကို နိုင်နင်းစွာ ထိန်းချုပ်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ပြီဖြစ်သည်။ 




မြန်မာစံတော်ချိန် ည ၉ နာရီခွဲတွင် တယ်လီဖုန်း ဆက်သွယ်ရရှိသော မိထ္တီလာမြို့ အမှတ် ၃ ရဲစခန်း၏ အတည်ပြုချက်အရ မြို့တွင်းတွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားလျှက်ရှိပြီး ဗလီ ၂ လုံးနှင့် မြို့နယ် ပညာရေးမှူး ရုံး မီးရှို့ခံရပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးတပါး ဓားဒဏ်ရာဖြင့် ပျံလွန်ကြောင်း သတင်း အတည်ပြုချက် ရရှိသည်။ 

အမှတ် ၃ ရဲစခန်းက "လုံခြုံရေး ရဲတပ်ဖွဲဝင် အားလုံး အပြည့်အဝ တာဝန်ယူနေ"ရကြောင်းနှင့် "တည်ငြိမ်မှု မရသေး"ကြောင်း ပြောဆိုသည်။ 

ပျံလွန်သွားသော ဘုန်းတော်ကြီးမှာလည်း မည်သူမည်ဝါ မည်သည့်အရပ်ဒေသမှ ဟု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ဆိုသည်။ 

ဒဏ်ရာရ ထိခိုက်မှုများ ရှိနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ပေါ်ထွက်လာနေသည်။ ဆေးရုံနှင့် လုံခြုံရေး တပ်ဖွဲ့၏ တယ်လီဖုန်း မှန်သမျှလည်း ဆက်သွယ်၍ မရပေ။ 

ဆက်သွယ်၍ ရသမျှ သတင်းရင်းမြစ်များ၏ အဆို ညနေ ၆ နာရီတွင် ဘုန်းတော်ကြီးများ ပါဝင်သည်ဟု ဆိုသော လူအုပ်က မိထ္တီလာမြို့ဈေး ဗလီကို မီးစတင်ရှို့ခဲ့ရာမှ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ် ပွားကြောင်း သိရသည်။ 

ယင်းသို့ဖြစ်ရခြင်းမှာ ယနေ့ မနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင် ပြွန်ကောက်ရွာမှ ဒေသခံ လင်မယား ၂ ဦး ရွာ ဆွမ်းလောင်းပွဲအတွက် ဈေးလာဝယ်စဉ် ငွေလို အပ်သောကြောင့် ရွှေဆိုင်တွင် ပြန်လည် 
ရောင်းချရာ ရွှေလက်စွပ်ကို မှတ်ကျောက်တိုက်နေစဉ် ကြိုးသွားခဲ့သောကြောင့် ရွှေဆိုင်က အထည် ပျက် ဈေးသာပေးခဲ့သောကြောင့် စကားများပြီး ကိုယ်ထိလက်ရောက် ရိုက်ရာက စခဲ့ရကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှ ပြောဆိုသည်။ 
http://blog.irrawaddy.org/2013/03/blog-post_7855.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif