ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ဦးဟာ ပရိသတ်ထောင်သောင်းကို ဟောပြောနေပါတယ်။
“ကျနော့်ဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့အချိန်တွေဟာ ကျနော့်ဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ”
… … လို့ ပြောပြီး စကားကို ခဏရပ်လိုက်တယ်။
ပရိတ်သတ်တွေ ဆွံ့အသွားကြတယ်၊ အသံအားလုံးတိတ်ဆိတ်ကုန်တယ်၊ သူတို့လေးစားတဲ့ ဒီနိုင်ငံရေးသမားဟာ ဘာလဲ ဘယ်လိုလဲ???
ခဏနေတော့ သူက ဆက်ပြောတယ်.. …
“အဲဒီမိန်းမကတော့ ကျနော့် အမေပါပဲ”
အော်…ဒီလိုကိုး…ဟားဟား
ရွှီး ..ဖြောင်း…ဖြောင်း…
ဒီစကားကို ပရိသတ် တစ်ယောက်ဖြစ်တဲ့ ကိုထုံ သဘောကျသွားတယ်။
အိမ်ပြန်တော့ သူ့မိန်းမကို ပြောကြည့်မယ်ဆိုပြီး မီးဖိုထဲကို သွားတယ်။
အရက်နှစ်ခွက်လောက် အရင်သောက်လိုက်တယ်
ပြီးတော့ ပြောတယ်… …
“င့ါဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့အချိန်တွေဟာ င့ါဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ” …
သူ အဲဒီလို ပြောပြီး စကားကို ခဏရပ်လိုက်တယ်… … …
သူ့မိန်းမ မျက်နှာနီရဲလာတယ်၊ အသားတွေ တဆတ်ဆတ်တုန်လာတယ်။
ဒုတိယစကားကို ဆက်ပြောဖို့ ကိုထုံ စဉ်းစားတယ်၊ နဲနဲမူးနေတော့ စဉ်းစားလို့ မရဘူးဖြစ်နေတယ်… စဉ်းစားတယ် စဉ်းစားတယ်…။
ဘယ်လိုမှ စဉ်းစားလို့ မရတော့ သူ့ဟာသူ ညည်းတွားလိုက်တယ်… …
“သူ ဘယ်သူလဲဆိုတာ ငါ မေ့နေပြီ”…တဲ့။
အဲ… အဲဒီနောက်တော့ လောကကြီး မှောင်အတိကျသွားတယ်။
ကိုထုံ သတိပြန်လည်လာတော့ ဆေးရုံကုတင်ပေါ်မှာ…။
ဘာတွေ ဖြစ်ခဲ့ပါလိမ့် ဆိုတာကို ပြန်တွေးကြည့်မိတော့ ....
သူ တစ်ခုခု ပြောဖို့ စဉ်းစားတယ်၊ အဲဒီအချိန်မှာ သူ့မိန်းမလက်ထဲ ငရုပ်ကျည်ပွေ့ ကိုင်ထားတယ် ဆိုတာကို တဖြည်းဖြည်း သတိရလာပါတယ်။
အားလုံးနည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…
သန်၎ကို
http://blog.irrawaddy.org/2013/03/blog-post_21.html#more
0 comments:
Post a Comment