http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2013

SSA နဲ့ တ ကယ် အ ပ စ် ရပ် ဖို့ ဦးေ အာင် မင်း ဘယ် လို အ ကြံေ ပး သလဲ




ရှမ်းပြည်တွင် အပစ်ရပ်ထားသည့် RCSS/SSA နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ  နယ်မြေမခွဲခြားရသေးသောကြောင့် ဖြစ်ကြောင်း လားရှိုးမြို့သို့ ရောက်နေသည့်

ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယနေ့ ပြောလိုက်သည်။


RCSS/SSA  လှုပ်ရှားသည့် နေရာတွင် အစိုးရတပ်များလည်း ရှိကြောင်း၊ နှစ်ဖက်  တပ်များ ရောထွေးနေကြောင်း သူက ဆက်ပြောသည်။

ကချင်ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIA  နှင့် နားလည်မှု တည်ဆောက်နိုင်ခဲ့ခြင်းကို နမူနာအဖြစ် သူက သုံးသပ်ပြသည်။

 အပစ်အခတ်ရပ်စဲရေး လုပ်သည်ဆိုသည်မှာ အပေါ်ပိုင်းတင် မရကြောင်း၊ အောက်ခြေထိ  လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကချင်တွင် ဖြစ်ပွားနေသည့် ပြင်းထန်သည့်တိုက်ပွဲများ ပြီးဆုံးသွားခြင်းသည် အောက်ခြေအဆင့်အထိ ရောက်အောင် နှစ်ဖက်စလုံးက စီစဉ်ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ သည့်အတွက် ရှမ်းလက်နက်ကိုင်အဖွဲ့  အစည်းတွေနှင့် ဆွေးနွေးပြီး အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်ဖို့ရှိကြောင်း ဦးအောင်မင်းက  ရှင်းလင်းပြောဆိုသည်။




လားရှိုးသို့ ရောက်ရှိစဉ် လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ရန် စီစဉ်ထားကြောင်း၊  ထိုသို့ တွေ့ဆုံမှ ယုံကြည်မှု ပိုမိုရနိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

 ဦးအောင်မင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်  ၀န်ကြီးများ ဖြစ်ကြသော   ဦးခင်မောင်စိုး၊  ဦးဝင်းထွန်း တို့နှင့်အတူ လားရှိုးသို့ ယနေ့  ရောက်ရှိလာခြင်း ဖြစ်ပြီး   တိုင်းရင်းသားတို့၏ ဆွေးနွေးပွဲတခုသို့ တက်ရောက်မည် ဖြစ်သည်။


မနက်ဖြန်တွင်ကျင်းပမည်  ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲအတွက် ဝန်ကြီး ဦးအောင်မင်းက ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သည့် ခွန်ထွန်းဦး၊  ဗိုလ်ချုပ်ဆေထင်တို့နှင့် အကြို တွေ့ဆုံပြီး ညှိနှိုင်းကြကြောင်း သိရသည်။

ဦးဝင်းထွန်း

         ဦးဝင်းထွန်း(သစ်တော နှင့် သဘာဝရေးရာ ၀န်ကြီး) ကပြောကြားရာတွင် မြောက်ပိုင်းနှင့် စပ်ဆက်နေသည့် အဖွဲ့အစည်းများအားလုံး နှင့်  တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ယုံကြည်မှု၊ ခင်မင်မှု ကိုအကြောင်းပြုပြီး  တိုင်းပြည် ငြိမ်းချမ်းရေး အတွက် လေးနက်သည့် နိုင်ငံရေး ခြေလှမ်းတွေ  အစပျိုးဖို့ ခံယူပြီး ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောသည်။

 တိုင်းရင်းသားညီအစ်ကိုတွေ တောင်းဆိုသံကို နားထောင်ပေးမည်ဖြစ်ပြီး၊တိုင်းရင်းသားများ အပေါ် အစိုးရကနေပြီး တောင်းဆိုဖို့လာခြင်း မဟုတ်ကြောင်း၊ ဆွေးနွေးဖို့ နားထောင်ဖို့ လာခဲ့ခြင်းဖြစ်ကြောင်း သူက ဖြည့်စွက် ပြောကြားသည်။  

ဦးခင်မောင်စိုး

လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ညီအစ်ကိုလို မိတ်ဆွေလိုသဘောထားပြီး  တိုင်းရင်းသားတွေနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊  အားလုံး ယုံယုံကြည်ကြည် ငြိမ်းချမ်းစွာဖြင့်  တိုင်းပြည်တိုးတက်စေချင်ကြောင်း ပြောဆိုသည်။

ဦးလှမောင်ရွှေ

အသေးစိတ်ဆွးနွေးမှုအား နံနက်ဖြန်  မတ် ၂၀ တွင် ကျင်းပမည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု  တည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ပြောဆိုသွားကြမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးလှမောင်ရွှေက ပြောသည်။ 
http://blog.irrawaddy.org/2013/03/ssa_19.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif