http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2013

ဦးအောင်မင်းတို့ အဖွဲ့ နယူးယောက်မှာ ဆန္ဒပြမှုနှင့် ကြုံ



အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လူလိမ်တွေလို့ အော်ဟစ် ဆန္ဒပြမှုကို ခံခဲ့ရတာ အင်တာနက် စာမျက်နှာတွေမှာ အတော် ပျံ့နှံ့နေပါတယ်။ 






နုယူးယောက်မှာ မြန်မာမိသားစုတွေနဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပွဲပြင်ပမှာ အမေရိကန်ရောက် မြန်မာဆန္ဒပြသူ ၂ ဒါဇင် ကျော်လောက်က  လိမ်ညာနေတာတွေ ရပ်ဆိုင်းဖို့ တောင်းဆို ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အလိုမရှိ စသဖြင့် အဓိက တရား ဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ဖို့နဲ့ ပြည်သူ့ အခွင့် အရေး အပြည့်အ၀ ရရှိရေး တို့ကို တောင်းဆိုခဲ့ကြ ပါတယ်။ 



မြန်မာမိသားစုတွေနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက နိုင်ငံရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှင်းလင်းပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 



မြန်မာနိုင်ငံက လက်ရှိ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ စနစ်ကျတဲ့ ပုံစံမျိုးနဲ့သွားနေတာ မဟုတ်ဘူးလို့ ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ဝေဖန်ချက်တွေလည်း တွေ့ရပါတယ်။  

တချို့မှတ်ချက်တွေကလည်း ဦးအောင်မင်းဟာ အရေထူပြီးသားမို့ အပြုံးမပျက် ဆန္ဒပြသူတွေကို လက်ပြ နုတ်ဆက်ပြီး ကားပေါ် တက်သွားခဲ့တယ်လို့ ဆိုပြန်ပါတယ်။ 

ဦးအောင်မင်းတို့ အဖွဲ့ဟာ ဗြိတိန်နိုင်ငံကိုလည်း သွားရောက်ခဲ့သေးပြီး အခုခရီးစဉ်မှာတော့ ဦးခင်ရီ၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်စတဲ့ သူတွေလည်း ပါဝင်ပါတယ်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အခု ခရီးစဉ်အတွင်းမှာ လက်ရှိ မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် 
တွေကို ရှင်းပြနေတာပါ။ သမ္မတ ဦးသိန်းစိန်ကို အပ်နှင်းတဲ့ ငြိမ်းချမ်းရေး စွမ်းဆောင်ရှင်ဆုကိုလည်း ဦးအောင်မင်းက ဦးသိန်းစိန်ကိုယ်စား တက်ရောက် ရယူမှာဖြစ်ပါတယ်။  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif