http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2013

အိမ်ရာမဲ့၏ဆေးလိပ်တိုကြောင့် မန္တလေးရထားတွဲမီးလောင်





မန္တလေး ဘူတာကြီး မြောက်ဖက် တွဲပြင်ရုံအနီးရပ်နားထားသော  ရထားတွဲတခု  ယမန်နေ့ညနေပိုင်းက မီးလောင်သွားသည်။

ရထားတွဲပေါ်တွင် အိမ်ရာမဲ့များ တက်ရောက် နေထိုင်ပြီး ဆေးလိပ်မီး မငြှိမ်းသတ်ဘဲ 
ပစ်ထားခဲ့ရာမှ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဗဟိုမီးသတ်ဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီ ပြောသည်။

ရထားသံလမ်း အမှတ်(၁၀)တွင် ရပ်နားထားသော တွဲဆိုင်းအမှတ် BNUEZ-12665 အထက်တန်း အိပ်စင်တွဲဆိုင်း ဖြစ်ကြောင်း၊
စက်ရုံသို့ ပို့ဆောင် ပြင်ဆင်ရန်အတွက် အိပ်စင်တွဲ၃တွဲနှင့် ရိုးရိုးတန်းတွဲ ၂တွဲ ရှိကြောင်း၊ 
ယင်းတွဲဆိုင်းများပေါ်တွင်ဘူတာကြီးတွင် လာရောက်နေထိုင်ကြသည့် အိမ်ခြေရာမဲ့များ ရှိတတ်ကြောင်း၊   
ဈေးသည်တချို့ကလည်း ဖယောင်းတိုင်မီး အသုံးပြုကာ ဈေးအရောင်းဝယ်များ ပြုလုပ်ကြကြောင်း မန္တလေး ဘူတာကြီးမှ တာဝန်ကျသူတစ်ဦးက ဧရာဝတီကို ပြောပြခဲ့သည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း လာရောက်ကြည့်ရှုပြီး နောင်ထပ်မံ မဖြစ်ပွားရန် မှာကြားခဲ့ကြောင်း၊ 
မီးပေါ့ဆသူအား ဖမ်းဆီး ဖော်ထုတ်လျက် ရှိကြောင်း သူက ဆက်ပြောသည်။

အိပ်စင် ရထားတွဲဆိုင်း တစ်ဆိုင်းလုံး လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ဆုံးရှုံးမှု တန်ဖိုး မြင့်မားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှု၏ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁,၁၆၃,၄ဝဝ (ကျပ် တသန်းခန့်) ဖြစ်ကြောင်း၊ 
မန္တလေးဘူတာကြီး မီးရထား ရဲတပ်ဖွဲ့ထံမှ သိရသည်။

သောကြာနေ့ ညကလည်း ယင်းဖြစ်စဉ်အတိုင်း အိပ်စင်ရထားတွဲတခု မီးလောင်ကျွမ်းခဲ့သဖြင့်  ငွေကျပ် ၆ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။


0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif