ထိုင်းနိုင်ငံ Thepsatri Rajobbat တက္ကသိုလ်နဲ့ မြန်မာနိုင်ငံက သမိုင်းဝင်ရန်ကုန် တက္ကသိုလ်တို့ဟာ ပညာရေးနဲ့ သုတေသန လုပ်ငန်းတွေ အတူပူးပေါင်း လုပ်ဆောင်ဖို့တွက် နားလည်မှု စာချွန်လွှာ MoU ဧပြီလ ၉ ရက်နေ့က လက်မှတ်ရေးထိုး လိုက်ပါပြီ။
အဓိကအားဖြင့် အဆိုပါ တက္ကသိုလ် ၂ ခုဟာ သုတေသနလုပ်ငန်းတွေ လုပ်နိုင်ဖို့နဲ့ သင်ကြားရေးပိုင်း ပို့ချမှုပိုင်းတွေမှာ ပူး တွဲ ဆွေးနွေးလုပ်ဆောင်သွားကြဖို့ ၂ ဘက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ မြန်မာ့ ရုပ်မြင် သံကြား MRTV4 ရဲက ယနေ့ မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ Thepsatri Rajobbat တက္ကသိုလ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ဘက်က တာဝန်ရှိသူက ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကြောင်းတွေ၊ ဖွဲ့စည်းမှုအနေအထားတွေ၊ သင်ကြားနေတဲ့ ဘာသာရပ်တွေကို ရှင်းပြခဲ့ပြီး ထိုင်းတက္ကသိုလ်ဘက်က တာဝန်ရှိသူကလည်း အလားတူ ဆွေးနွေး ရှင်းပြခဲ့ကြတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့နှစ်ကစတင်ပြီး ရန်ကုန်တက္ကသိုလ် ပြန်လည် မွမ်းမံပြင်ဆင်ရေးနဲ့ ကမ္ဘာ့အလည် သမိုင်းဝင် တက္ကသိုလ်ကြီးရဲ့ ဂုဏ် ကို သိပြီး ကြိုးစားလုပ်ဆောင်မှုတွေ ဖော်ဆောင်လာခဲ့ရာမှာ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ မြန်မာပြည် ခရီး မိန့်ခွန်းပြောဖို့ နေရာကိုလည်း ရန်ကုန် တက္ကသိုလ်ကို ရွေးချယ်ခဲ့တာပါ။
ရန်ကုန်တက္ကသိုလ်ဟာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တာဆိုပေမယ့် အမျိုးသားရေး လက္ခဏာ
တွေနဲ့ မြန်မာ့ပညာရေး ဂုဏ်ကို ဖော်ဆောင်ခဲ့ရာမှာ တခေတ်တခါက အလွန်နာမည်ကြီးခဲ့ပြီး အိမ်နီးချင်း
နိုင်ငံတွေကပါ အားကျ လေးစားမှုကို ရခဲ့ တဲ့ သမိုင်းဝင် တက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။






Kuala Lumpur Time


0 comments:
Post a Comment