Wednesday, May 1, 2013

ရန်ကုန်တိုင်း ဥက္ကံမြို့ အဓိကရုဏ်းမှာ ဒဏ်ရာရသွားတဲ့ ဆယ်ဦးထဲက တဦး သေဆုံးသွားတယ် လို့ ရဲတပ်ဖွဲ့အရာရှိတဦးဖြစ်တဲ့ ဦးသက်လွင်က ပြောဆိုကြောင်း မနေ့က AP သတင်းတပုဒ်မှာ ရေးထားပါတယ်။
မနေ့က အိမ်နဲ့ဆိုင် တရာကျော် အဖျက်ဆီးခံရပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ ၁၈ ဦးကို ထိန်းသိမ်းထားတယ်လို့ သူက ပြောပါတယ် တဲ့။
နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကို အာဏာပိုင်တွေက ဒီကနေ့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဧရာဝတီသတင်းဌာနက ဒီကနေ့ ဥက္ကံမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုဖော်ပြလိုက်ပါတယ်။






Kuala Lumpur Time



0 comments:
Post a Comment