http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 May 2013

ကမ္ဘာကျော်သွားတဲ့ လူယက်မှု

  

ကိုလံဘီယာနိုင်ံ ဘိုဂိုတာမြို့က ဘတ်စ်ကား ဂိတ်တခုက ဖြစ်ပါတယ်။ ယမန်နေ့ မေလ ၁၈ ရက်နေ့ မှာ လုယက်မှု တခုက အခုတော့ ကမ္ဘာတ၀ှမ်းမှာ အတော် လူသိများသွားတဲ့ ဖြစ်စဉ်တခုဖြစ်နေပါပြီ။ 



ကားဂိတ်မှာ ဘတ်စ်  ကား စောင့်ရင်း အမျိုးသမီးတဦးရဲ့ တယ်လီဖုန်းနဲ့ အိတ်ကို အမျိုးသား တဦးက ရုတ်တရက် လုယူဖို့ ကြိုးစားခဲ့ပါတယ်။ 

အမျိုးသမီးကလည်း သူ့ ဖုန်းနဲ့ အိတ်ကို အတင်းပြန်ဆွဲတဲ့အခါမှာ လူယက်သူဟာ မအောင်မြင်တာကြောင့် အမျိုးသမီးနဲ့ ဝေးရာ ကားလမ်းကို ဖြတ်ကူးပြီး ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ ကားဂိတ်ကို ၀င်လာတဲ့ ဘတ်စ် ကားတစင်းက သူ့ကို တိုက်သွားခဲ့ပါတယ်။ 

မကောင်းမှုကျူးလွန်ရင် ကျူးလွန်သူဟာ ဆိုးကျိုးခံစားရတတ်တယ်ဆိုတာ လူသားတိုင်း သိပြီးသား ဖြစ်နေ မှာပါ။ မကောင်းမှုကို ကျူးလွန်ပြီးချိန် တဆက်တည်း သူ့ဟာ အကုသိုလ်ဖိစီးသွားခဲ့ရတာကို သံဝေဂ ရဖွယ် မြင်တွေ့ကြရတာပါ။

ဒီဖြစ်စဉ်ကို CCTV က မှတ်တမ်းတင်ထားတာကို ဘီဘီစီ သတင်းဌာနက ပြန်လည် ပြသကာ ဒီသတင်းကို  ရှင်းပြခဲ့ပါတယ်။ ပစ္စည်း လုယူဖို့ ကြိုးစားတဲ့ အမျိုးသားကတော့ ကား တိုက်လို့ ဒဏ်ရာ နည်းနည်း ရသွားခဲ့ ပါတယ်။ 

အမျိုးသမီးကတော့ သူ့ဆီက လူယူခံလိုက်ရတဲ့ တယ်လီဖုန်း ကတော့ ပိုင်ရှင် အမျိုးသမီးက ပြန်ရသွားပါပြီ။ 

ဒေသဆိုင်ရာ ရဲ တာဝန်ရှိသူတဦးကပြောတာတော့ အခု ပစ္စည်း လုယူဖို့ ကြိုးစားခဲ့တဲ့အမျိုးသားကို ဥပဒေ 
ကြောင်းအရ ဆက်လက် အရေးယူမှာဖြစ်ပြီး အခုတော့ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။  

 

http://blog.irrawaddy.org/2013/05/blog-post_7927.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif