http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 May 2013

သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် ယမန်နေ့က စတင်

  
 
 
 
 
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို ယမန်နေ့က အလုပ်သဘောကိစ္စအတွက် ရန်ကုန် ကနေ စတင်ထွက်ခွာသွားခဲ့ပါပြီ။ ဒါဟာ ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ ခရီးစဉ်အပြီး မြန်မာ
ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံး တရားဝင် ခရီးစဉ်လည်းဖြစ်ပါတယ်။ 
  

ခရီးစဉ်မတိုင်ခင်မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား ၂၃ ဦးကို လွတ်ငြိမ်းချမ်းသာပေးပြီး လွှတ်ပေးခဲ့ပါတယ်။ 
သမ္မတ ဦးသိန်းစိန်ဟာ အခု ခရီးစဉ်အတွင်းမှာ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ
ရေး ဆိုင်ရာ စာချုပ်တွေ လည်း လက်မှတ်ထိုးဖို့ ရှိပါတယ်။  
သမ္မတ ဦးသိန်းစိန်ဟာ မေလ ၂၀ ရက်နေ့မှာတော့ ၀ါရှင်တန်ဒီစီ မြို့တော် အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ 

အိုဘားမားဘက်ကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲက လူနည်းစု တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ခိုင်မာတဲ့ ငြိမ်းချမ်းရေးခိုင်မာစွာ ပေါ်ထွန်းဖို့၊ တရား ဥပဒေ စိုးမိုးရေး၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အားကောင်းရေးနဲ့ ပညာရေးအပါအ၀င် လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးရေး အကူအညီပေးရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါ တယ်။ 
 သမ္မတ ဦးသိန်းစိန် မလာခင်ပဲ အမေရိကန်က မြန်မာအပေါ် လူသားချင်း စာနာမှု အကူအညီအပါအ၀င် ဖွံ့ဖြိုးရေးအကူအညီအဖြစ်နဲ့ အမေရိကန် ဒေါ်လာ ၇၅ သန်းကျော်ကို ပေးဖို့ ကွန်ဂရက်မှာ အဆိုတင်ခဲ့ပါ တယ်။ ဒါတွေကို USAID ကနေ တဆင့် ပေးသွားမှာဖြစ်ပါတယ်။ 

ခရီးစဉ်နဲ့တိုက်တိုက်ဆိုင်ဆိုင် အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျိုးဇက် ခရိုလီနဲ့ ပီတာကင်းတို့က လည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကို အသိအမှတ်ပြုပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေ သင့် သေးတယ်ဆိုတဲ့ အယူအဆနဲ့အတူ Burma Freedom and Democracy Act ဆိုတဲ့ ဥပဒေကို သက်တမ်းတိုးဖို့ ကွန်ဂရက်ကို အဆိုတင်လိုက်ပါသေးတယ်။

ဒီအပြင် အမေရိကန်ရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေကလည်း သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်ဖို့ ပြင်ဆင်နေတာတွေ ရှိသလို သမ္မတ ဦးသိန်းစိန်ဘက်ကလည်း VOA က လုပ်မယ့် နယ်ပယ်စုံက လူတွေရဲ့ မေးခွန်းတွေ ဖြေကြားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ 
http://blog.irrawaddy.org/2013/05/blog-post_6558.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif