မိုးလေ၀သနဲ့ ဇလဗေဒ
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကတော့ မဟာစင် မုန်တိုင်း
ကျော်လွန်ပြီး ကာလ သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မဟာဆန်သူ အလွန်လို့
ရေးသားထားပါတယ်။
ဦးထွန်းလွင်( မိုး/ဇလ ညွှန်ချုပ်ဟောင်း)၊ ဓာတ်ပုံ- ဦးထွန်းလွင်ဖေ့စ်ဘုတ်
သူ့ရဲ့ရေးဖွဲ့မှုကို ကြည့်ရင် သူဟာ မုန်တိုင်းဖြစ်ပေါ်လာမယ့်အပေါ် ပြည်သူတွေ အချိန်နဲ့ တပြေးညီ သိစေဖို့ နေ့ မအား၊ ည မအား လုံ့လ စိုက်ထုတ်ခဲ့တယ်ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။
မဟာဆန်သူအလွန်...
ညကတော့ အတူနေတဲ့သမီးက ဖေဖေ ဒီညတော့ အိပ်ရေးဝအောင် အိပ်လိုက်တော့လို့ ဆိုလို့ အိပ်ပစ်လိုက်တယ်။ ဒါပေမယ့် အကျင့်ပါနေလို့လားမသိဘူး။ အစောကြီးနိုးပါတယ်။
Mahasen နဲ့ပတ်သက်ပြီး ကျွန်တော့်ကို အသိအမှတ်ပြုကြတာတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အရွယ်တွေဆိုတာ အသိအမှတ်အပြုခံရတာဟာ အသက်ရှည်ဆေးပါ။
အမှန်မှာတော့ Nargis တုံးကလည်း ကျွန်တော် ကြိုးစားခဲ့တာပါဘဲ။ Mahasen ထက် မသာတောင် မလျော့ပါဘူး။ ဒါပေမယ့် Nargis တုံက လုပ်တောတွေကို လူမသိခဲ့ဘူး။ Mahasen ကြမှာသာ လူတွေသိလာရတာဖြစ်ပါတယ်။
အသက်မသေသေးခင်..စေတနာကို ဖေါ်ပြခွင့် အခွင့်အရေးလေးရခဲ့တာကို ၀မ်းသာမဆုံးဖြစ်နေရပါတယ်။
ဒေါက်တာထွန်းလွင်
http://blog.irrawaddy.org/2013/05/blog-post_17.html#more






Kuala Lumpur Time
0 comments:
Post a Comment