http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

ဦးဂန္ဘီရအား အာဏာပိုင်များက သတင်းသုံးရာဌာနသို့ ပြန်လည် ပို့ဆောင်

၂၀၁၂၊ မတ်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညဘက်ပိုင်းတွင် ရရှိတဲ့ သတင်းများအရ ဦးဂန္ဘီရအား ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရပေမယ့် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ဦးဂန္ဘီရနဲ့ ဆက်သွယ် မေးမြန်းချက်အရ မြန်မာအာဏာပိုင်များဟာ ဦးဂန္ဘီရအား မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်တွင် သတင်းသုံးရာ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် (မြောက်ပိုင်း) သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးဂန္ဘီရနဲ့ နီးစပ်သူတဦးနဲ့ ဦးဂန္ဘီရတို့ ဆက်သွယ် ပြောဆိုမှုများအရ ဦးဂန္ဘီရအား အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့ပြီးနောက် မတ်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၉ မိနစ်မှ ည ၁၁ နာရီ ၄ မိနစ်အထိ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦရှိ ရဲသတင်းတပ်ဖွဲ့ ရုံးခန်းတွင် ဦးဂန္ဘီရရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း၊ ထို့နောက်တွင် မေးမြန်း ပြောဆိုမှုများအစား အလွတ်သဘော စကား ပြောကြကြောင်း၊ ထိုသို့ စကားပြောဆိုခဲ့ကြပြီးနောက် မတ်လ ၇ ရက်နေ့တနေ့လုံး ခေါ်ဆောင်ထားတဲ့ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦတွင် ထိမ်းသိမ်းထားကြောင်း၊ အဲဒီနောက် မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်ကျော်တွင် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေတွင် ဦးဂန္ဘီရဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသမှု ခံယူနေရကြောင်း ဦးဂန္ဘီရက ဆက်သွယ်မေးမြန်းသူများအား ရှင်းပြခဲ့ပါတယ်။  burma today မှကူးယူတင်ပြသည်..

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif