http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

ဟင်္သာတ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မတ်လ ၆ ရက်နေ့ မနက်က ပေါက်ကွဲမှု ဖြစ်

ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်း၊ ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အနောက်ဖက်ခြမ်း အ၀င်လမ်းတွင် ၂၀၁၂ မတ်လ ၆ ရက်နေ့ မနက် ၉ နာရီ မိနစ် ၅၀ က ပေါက်ကွဲမှုတခု ဖြစ်ပွားရာ ရုံးအမိုးအနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။ ထို ပေါက်ကွဲမှုဟာ အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ ရေမြောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း၊ ခရိုင် အုပ်ချုပ်ရေးရုံး၌ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းများ အစည်းအဝေး တက်ရောက်နေချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၁၅ မိနစ်ခန့်အကြာတွင် ဟင်္သာတမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း ဆက်သွယ်ရေးစခန်း ၀င်ပေါက်အနီးတွင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ထပ်မံ တွေ့ရှိခဲ့ရတဲ့အတွက် အနီးအနားတွင် နေထိုင်သူများအား အာဏာပိုင်များက ဘေးလွတ်ရာ တိမ်းရှောင်စေခဲ့ပါတယ်။

ထို့နောက် ဟင်္သာတ အခြေစိုက် အမှတ် ၁၈ ခြေလျင်တပ်ရင်း တာဝန်ရှိသူများက တွေ့ရှိတဲ့ ဗုံးကို သဲအိတ်များနဲ့ ကာရံခဲ့ကြောင်း၊ နေ့လည် ၂ နာရီကျော်တွင် ဟင်္သာအနီးရှိ ကွင်းကောက် တပ်မတော် လေ့ကျင့်ရေးစခန်းမှ မိုင်း ကျွမ်းကျင်သူများ လာရောက်ကာ ဗုံးကို ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ ဆက်သွယ်ရေးဝင်းအတွင်း ရှင်းလင်းစဉ် ပလပ်စတိပ်အိတ်အတွင်း ထည့်ထားတဲ့ ဆက်သွယ်ရေး စကားပြောစက် လုံး၊ ဓါတ်ခဲ ၁၄ လုံး၊ တီအမ်တီ ယမ်း တထုပ်၊ တရုတ်လက်ပစ်ဗုံး တလုံး တွေ့ရှိခဲ့ရကြောင်း၊ အဝေးမှ ဖောက်ခွဲရန်အတွက် စကားပြောစက်ကို ဗုံးများနဲ့အတူ ထည့်ထားတယ်လို့ ယူဆကြကြောင်း၊ ပေါက်ကွဲမှု နှစ်ဆင့် ဖြစ်ပေါ်စေရန် ယမ်းနဲ့ လက်ပစ်ဗုံးပူးထားတာ ဖြစ်နိုင်ကြောင်း စုံစမ်း သိရှိရပါတယ်။ Burma Today newsမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif