အနောက် မြောက်ပိုင်း ဒေသရှိ တမူး -ကလေးဝ မော်တော်ကား၊ အဝေးပြေးလမ်း စီမံကိန်း ပေါ်တွင် တံတား ၇၀ကျော် တည်ဆောက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာဗီ အက် ဆက်ရှာဒရီကပြောကြောင်း မဏိပူရပြည်နယ်ထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြသည်။
ရန်ကုန်ရှိ အိန္ဒိယ သံရုံးသို့ မဏိပူရ အဝေးပြေးကား လုပ်ငန်းအဖွဲ့ နှင့်တွေ့ဆုံစဉ် သံအမတ်ကြီးက အ ဝေးပြေးလမ်းစီမံကိန်းနှင့် တံတား တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှု အခြေအနေနှင့် လာမည့်သုံးနှစ် မှ လေးနှစ်အတွင်း ပြီးစီးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ အိန္ဒိယသို့ ကမ်းလှမ်းလာသည့် အချက်များ အပေါ် တွင် ဒေါက်တာ ဆက်ရှာဒရီက မဏိပူရ အပါအဝင် အိန္ဒိယ အရှေ့ မြောက်ပိုင်း ပြည်နယ်များ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ရေး အတွက် အလေးထားရန်နှင့် နှစ်နိုင်ငံ သွင်းကုန်/ ထုတ်ကုန်လုပ်ငန်း များ တိုးတက် လာစေရန် ယင်းအဖွဲ့ ကို တိုက်တွန်းခဲ့သည်။
" နှစ်နိုင်ငံလုံးက အမ်ဖဲလ်(amphal)-မန္တလေး ကားလမ်း အပေါ် အထူးပဲ စိတ်အား ထက်သန်နေကြ ပါတယ်" ဟု သံအမတ်ကြီးက ယင်း ကားအသင်းကို ပြောသည်။
သို့ရာတွင် မဏိပူရပြည်နယ် နှင့် မြန်မာနိုင်ငံကြားကောင်းမွန်ခြင်း မရှိသေးသည့် အဝေးပြေးလမ်းပိုင်း များနှင့်ပတ်သက်၍ မဏိပူရ အဝေး ပြေးကားအဖွဲ့ကထောက်ပြခဲ့ပြီး မဏိပူရ အစိုးရသည် အမ်ဖဲလ် (amphal) -မန္တလေးကားလမ်းစီမံ ကိန်းအတွက် လွှတ်တော်တွင် ၂၀ဝ၉ ခုနှစ်ကတည်းက ဖိအားပေး နေကြောင်းသိရသည်။
အမ်ဖဲလ် (amphal) မှမန္တလေး သို့ဆက်သွယ်မည့် အဝေးပြေးလမ်း မသည် ကီလိုမီတာ ၆၀ဝ နီးပါးရှည် လျားပြီး ၁၁၀ ကီလိုမီတာအရှည် တမူး- ကလေးဝ- မုံရွာကားလမ်း ပိုင်းသည် ပြုပြင်ပြီးစီးဖြစ်သော် လည်း ၁၈၄ ကီလိုမီတာအရှည်ရှိ ကလေးဝ-မုံရွာ ကားလမ်းပိုင်းမှာ ပြုပြင်ရခြင်း မရှိသေးကြောင်းသိ ရသည်။
ယင်းကြောင့်အမ်ဖဲလ် (amphal) -မန္တလေးကားလမ်းသည် နွေရာသီသာ အသုံးပြုနိုင် ကြောင်း သိရသည်။ အကယ်၍ ယင်းအမ် ဖဲလ်(amphal) -မန္တလေးလမ်းမ စီမံ ကိန်းကြီးအောင်မြင်ပါက အိန္ဒိယအ ရှေ့မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု နည်းသည့် ဒေသများနှင့် ကုန်သွယ် ရေးလမ်းကြောင်း ကောင်းမွန်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ မုံရွာ၊ တမူး၊ ကလေးဝ စသည်မြို့ များ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ် ကြောင်း မန္တလေးနှင့်မုံရွာရှိ ကုန် သည်ကြီးများက မှတ်ချက်ပေး သည်။ http://www.yoyarlay.com/local-news

0 comments:
Post a Comment