ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင် |
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာလာရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်တွ င် တစ်ညတာတည်းခိုသွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကာ ဟိုတယ်ဝန်ထမ်းများနှင့်အတူ အမှတ်တရဓာတ်ပုံလည်း ရိုက်ကူးခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်မြန်မာနိုင်ငံသို့ မည်သည့်အကြောင်းနှင့်လာရောက်သည် ကိုမူ စုံစမ်းနေဆဲဖြစ်သည်။
Labels: မြန်မာ့သတင်း
0 comments:
Post a Comment