http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

ယူရိုပြိင်ပွဲဝင်မယ့် စပိန်အသင်းမှာ တောရက်စ် ပါဝင်လာမှာပါ - မာတာ

ချယ်လ်ဆီးကွင်းလယ်လူ မာတာက အသင်းဖော် ဖာနန်ဒိုတောရက်စ်သည် အလွန်ထူးချွန်သည့်တိုက်စစ်မှူးတစ်ဦးဖြစ်
ကြောင်းနှင့် လာမည့်ယူရိုပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းတွင် ပါဝင်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

လက်ရှိ ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့်အနေအထားကြောင့် တောရက်စ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဗင်နီဇွဲလားအသင်းနှင့်ကစားခဲ့သည့် ချစ်ကြည်ရေးပွဲအတွက် စပိန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်း မခံခဲ့ရပေ။

အဆိုပါအခြေအနေသည် စပိန်လက်ရွေးစင်အသင်းတွင် ဒဏ်ရာရရှိခြင်းမှလွဲ၍ အမြဲတမ်းရွေးချယ်ခံရသည့် တောရက်စ်
အတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

သို့ပါသော်လည်း အသက် (၂၈)နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးသည် ပြီးခဲ့သည့် လက်စတာစီးတီးအသင်းနှင့်ကစားခဲ့သည့် အက်ဖ်အေဖလား ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူခဲ့ခြင်းဖြင့် သူ၏အချိန်အတော်ကြာ ဂိုးမိုးခေါင်နေမှုအား အဆုံးသတ်နိုင်ခဲ့သည်။

“ အဆုံးမှာတော့ တောရက်စ်တစ်ယောက် ယူရိုပြိုင်ပွဲဝင်မယ့် စပိန်အသင်းမှာ ပါဝင်လာလိမ့်မယ်လို့ ထင်ပါတယ်၊ သူဟာ စပိန်အသင်းနဲ့ သူကစားခဲ့တဲ့ကလပ်အသင်းတွေမှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့သူပါ၊ သူဟာ ဒီရာသီကုန်တဲ့အထိ
အကောင်းဆုံးခြေစွမ်းပြသွားမှာပါ၊ ဒဲလ် ဘော့စကေးတစ်ယောက်ကတော့ လူရွေးချယ်တာနဲ့ပတ်သက်ပြီး၊ ခေါင်းစားဦးမှာ ကျိန်းသေပါတယ်၊ ” ဟု မာတာ ကပြောကြားခဲ့သည်။

မာတာသည် ပြီးခဲ့သည့်အပတ်က (၂၆) ပွဲကြာ ဂိုးမိုးခေါင်မှုအား အဆုံးသတ်နိုင်ခဲ့သည့် တောရက်စ်အားလည်း ချီးကျူးပြောကြားခဲ့သေးသည်။

“တောရက်စ်ဟာ ခက်ခဲတဲ့အချိန်ကာလတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်၊ ကစားသမားတွေအားလုံးက နေရာအတွက် တိုက်ပွဲဝင်နေရတဲ့အချိန်မှာ၊ သူ ဂိုးမသွင်းနိုင်တာက၊ သူ့ကို အများကြီး ထိခိုက်စေခဲ့ပါတယ်၊ အခုချိန်မှာတော့  သူဟာ ယုံကြည်မှု ပြန်လည်ရရှိလာပါပြီ ” ဟု မာတာက ပြောကြားခဲ့သည်။

ဆက်လက်ပြီး၊ မာတာက နည်းပြဟောင်းဘိုအက်ရှ်အား ချီးကျူးခဲ့ပြီး၊ သူ့အား ချယ်လ်ဆီးအသင်းသို့ လက်မှတ်ထိုးခေါ်
ယူခဲ့သည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ ဘိုအက်ရှ်ကို အလွန်ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ချယ်လ်ဆီးအသင်းနဲ့လက်မှတ်ထိုးခဲ့တဲ့ကိစ္စမှာ၊ သူက အခရာကျခဲ့ပါတယ်၊ အပြင်မှာ လူတွေပြောနေကြသလို၊ ဘိုအက်ရှ်ဟာ ကစားသမားတွေနဲ့ ပြဿနာရှိနေတယ်ဆိုတာ မဟုတ်ပါဘူး၊ ဘိုအက်ရှ်ဟာ အသင်းရဲ့ကစားပုံကို ပြောင်းလဲချင်ခဲ့ပါတယ်၊ ဒါပေမယ့် ဖြစ်ချင်တော့ အသင်းရဲ့ ရလဒ်တွေက ဆိုးဝါးခဲ့ပါတယ် ” ဟု မာတာက ဘိုအက်ရှ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

မာတာသည် စပိန်လက်ရွေးစင်အသင်းအတွက် (၁၆) ပွဲ ပါဝင်ကစားထားပြီး၊ (၅) ဂိုးသွင်းယူပေးထားသည်။
Written by : ပီတာလေး    2012-03-20 16:26:24               http://mutdfan.com/index.php/readmore/post/41893

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif