http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

မက်ဆီဟာ လူသတ်သမားတစ်ယောက်ပါ - ပလာတီနီ

ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မီချယ် ပလာတီနီက ဘာကာစတား မက်ဆီသည် ဘောလုံးကွင်းထဲတွင် အလွန်ရက်စက်သည့် လူသတ်သမားတစ်ဦးဖြစ်ကြောင်းနှင့် မက်ဆီ၏အရည်အချင်းများအား ဖော်ပြရန် စကားလုံးရှာမတွေ့ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် ဆီဗီလာအသင်းနှင့်လာလီဂါပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်မက်ဆီသည် ဒီရာသီ ဘာစီလိုနာအသင်းအတွက် စုစုပေါင်း (၅၁) ဂိုးသွင်းယူပေးထားသည်။

“သူ့ကို ကြည့်လိုက်ရင်၊ ဘယ်တော့မှ မောတယ်ဆိုတာ မတွေ့ရပါဘူး၊ မက်ဆီဟာ ဘောလုံးကွင်းထဲမှာဆိုရင်တော့ လူသတ်သမားတစ်ယောက်ပါ၊ ဘာကာအနေနဲ့ သူ့ရဲ့ အရည်အချင်းအများစုကို အသုံးချရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့
မက်ဆီဟာ အံ့အားသင့်ဖွယ်ကိစ္စတွေကို ပြုလုပ်နိုင်တဲ့သူဖြစ်လို့ပါ ”  ဟု ပလာတီနီက မက်ဆီက ချီးကျူးပြောကြားခဲ့သည်။

သို့ပါသော်လည်း ပလာတီနီက ဘာစီလိုနာအသင်း ယခုကဲ့သို့အောင်မြင်မှုရနေခြင်းမှာ၊ မက်ဆီတစ်ဦးတည်းကြောင့်မဟုတ်ပဲ၊ ဘာစီလိုနာကစားသမား အားလုံး၏ညီညွတ်မှုကြောင့်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

“ ဂျပန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကလပ်ချန်ပီယံများဖလားကို ကြည့်ခဲ့ရပါတယ်၊ အဲဒီပွဲမှာ ဘာစီလိုနာအသင်းဟာ အံ့အားသင့်ဖွယ်ကစားသွားခဲ့ပါတယ်၊ မက်ဆီ တစ်ယောက်တည်းတင် မဟုတ်ပါဘူး၊ တစ်သင်းလုံးက နိုင်လိုစိတ်အပြည့်နဲ့ ခြေစွမ်းပြပြီး၊ ကစားသွားတာပါ၊ ဒါဟာ လက်ရှိ သူတို့ကစားနေတဲ့ နည်းလမ်းပါပဲ ” ဟု ပလာတီနီက ပြောကြားခဲ့သည်။

ပလာတီနီသည် (၂၀၀၇)ခုနှစ်တွင်၊ အရင် ဥက္ကဋ္ဌ လင်းနက် ဂျိုဟန်ဆန် ဆီမှ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးအား
လွှဲပြောင်း ရယူခဲ့သည်။
Written by : ပီတာလေး    2012-03-20 17:02:09  

http://mutdfan.com/index.php/readmore/post/41894

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif