http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

ကျွန်တော် အရမ်း ကြောက်ရွံ့ခဲ့ပါတယ် - ဟယ်ရီရက်နက်ပ်

စပါးစ်အသင်းနည်းပြ ဟယ်ရီရက်နက်ပ်က ပြီးခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်တွင် ကွင်းအတွင်းလဲကျခဲ့သည့် ဘော်လ်တန်ကစားသမား မြူအမ်ဘ၏ဖြစ်ရပ်က သူ့အား နှလုံးရောဂါဖြင့် ကွင်းအတွင်းလဲကျသေဆုံးခဲ့သည့် မာ့စ် ဗီဗီယန်ဖိုးကို သတိရစေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်တွင် ကွင်းအတွင်းလဲကျသွားသည့် မြူအမ်ဘအား ၀ိုင်းအုံပြုစုနေကြသည့် လူအုပ်နှင့်ဝေးရာသို့သွားရောက်ခဲ့သည့် ဟယ်ရီရက်နက်ပ်က သူ့အနေဖြင့် မြူအမ်ဘအား ဗီိဗီယမ်ဖိုးကဲ့သို့ အဖြစ်ဆိုးမျိုးဖြစ်လာမည်ကို စိုးရိမ်မိကြောင်းနှင့် မြူအမ်ဘ၏ဖြစ်ရပ်ဆိုးအား မကြည့်ရဲသဖြင့် အဝေးသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့တွေ မြူအမ်ဘ နှလုံးပြန်အလုပ်လုပ်လာအောင် ကြိုးစားနေကြတဲ့အချိန်မှာ၊ ကျွန်တော်ကတော့ အဆိုးဆုံးကိုတွေးပြီး၊ကြောက်ရွံ့နေပါပြီ၊ ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး၊ အဲဒီအချိန်မှာ အားလုံးက ထိတ်လန့် အံ့အားသင့်နေကြတာပါ၊ ” ဟု ဟက်ရီရက်နက်ပ်က ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းအသင်းနှင့် မန်စီးတီးကစားသမားဟောင်း ကင်မရွန်းလက်ရွေးစင် ဗီဗီယန် ဖိုးသည် (၂၀၀၃)ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင်ကျင်းပသည့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ၊ ကိုလံဘီယာအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းအတွင်း လဲကျသေဆုံးခဲ့ဖူးသည်။

ဆက်လက်ပြီး၊ ဟယ်ရီရက်နက်ပ်က မြူအမ်ဘ ယခုကဲ့သို့ ပြန်လည်သတိရလာခြင်းမှာ ပြည့်စုံကောင်းမွန်သည့် ဆေးပညာ အကူအညီများကြောင့်ဖြစ်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။

“ မာ့စ်ဟာ ၀က်စ်ဟမ်းအသင်းမှာတုန်းက ကျွန်တော့်လက်အောက်မှာ ကစားခဲ့ပါတယ်၊ ဒါပေမယ့် သူကံမကောင်းခဲ့ပါဘူး၊
ဖာဘရိုက်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ မြက်ခင်းပြင်မှာ ဖြစ်ခဲ့တဲ့အတွက် ကံကောင်းခဲ့ပါတယ်၊ တကယ်လို့သာ အဲပွဲဟာ တနင်္ဂနွေနေ့ မနက်ပိုင်း ပွဲစဉ်ဖြစ်ခဲ့မယ်၊ ဒါမှမဟုတ် လိဂ်ပြိုင်ပွဲမဟုတ်ခဲ့ဘူးဆိုရင် သူလည်း ကံကောင်းမှာ မဟုတ် ပါဘူး၊ ဆေးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ ” ဟု ရက်နက်ပ် ကပြောကြားခဲ့သည်။

ဟယ်ရီရက်နက်ပ်က မြူအမ်ဘ၏ဖြစ်ရပ်သည် မနက်ဖြန် စတုတ်စီးတီးအသင်းနှင့် အရေးကြီးပွဲကစားရမည့်  စပါးစ်အသင်း
ကစားသမားများအား စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ  ရှိနေကြောင်းလည်း ၀န်ခံပြောကြားခဲ့သည်။

ထို့အပြင် ဘော်လ်တန်အသင်းအနေဖြင့် ပြီးခဲ့သည့် စပါးစ်အသင်းနှင့် အက်ဖ်အေပွဲစဉ်အား ပြန်ကန်ရန်ဆန္ဒမရှိပဲ၊ သရေရလဒ်ဖြင့်သာ သတ်မှတ်ချင်သော်လည်း၊ ရက်နက်ပ်က ဘော်လ်တန်အသင်းနှင့်ပြန်ကန်ပွဲစဉ်အတွက် စိတ်အားထက်သန်လျှက်ရှိနေသည်။

လန်ဒန်ဆေးရုံကြီးတွင်ကုသမှုခံယူနေရသည့် ဘော်လ်တန်ကွင်းလယ်လူ မြူအမ်ဘသည် မနေ့ညက ပြန်လည်သတိရလာပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။

“ မြူအမ်ဘရဲ့အခြေအနေက တိုးတက်လာပါပြီ၊ အခုသူဟာ အသက်ရှူစက်အကူအညီမပါပဲနဲ့၊ အသက်ရှူနိုင်ပါပြီ၊ သူ့မိသားစုဝင်တွေကို မှတ်မိပြီး၊ မေးတာကိုလည်း ပြန်ဖြေနိုင်ပါတယ်၊ ဒါပေမယ့် စိတ်ချရတဲ့အခြေအနေတော့ မရှိသေးပါဘူး၊ သူ့အနေနဲ့ ဆေးဝန်ထမ်းတွေရဲ့ ပြုစုကုသမှုကို လိုအပ်နေဆဲပါ ” ဟု ဘော်လ်တန်အသင်းက မြူအမ်ဘ၏အခြေအနေနှင့်ပတ်သက်ပြီး၊ တရားဝင်ထုတ်ပြန်သွားခဲ့သည်။


http://mutdfan.com/index.php/readmore/post/41895

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif