ခေါင်းစဉ် ဖတ်ပြီး လန့်မသွား ပါနှင့်။ ထို နေ့က ဆောင်းဦးလှိုင်၏ အလှူ ပွဲ မြောက်ဒဂုံ မှာ ရှိသည်။ ပထမနေ့ ကတည်းက မိန်းက လေး စာနယ် ဇင်း များနှင့် အတူ သွားရန် ချိန်းခဲ့ သည်။ သို့သော် သူတို့ က မသွားတော့ ပါတဲ့။ မို့မို့ပွဲမှာ ဆောင်းဦးလှိုင်ကို အင်တာဗျူးလုပ် ပြီးလို့တဲ့။ သြော် ကောင်းလိုက်ကြတာ။ ကျွန်မမှာ မသွားတတ်သဖြင့် မရောက်နိုင်တော့။ သို့သော် ထိုနေ့ညနေမှာ မတက်မဖြစ်ပွဲရှိ သော်လည်း အချိန်က တော်တော်ဟနေရာ ရုပ်ရှင်ဝင် ကြည့်မည်။
သူထူးစံနှင့် နေထက်လင်းကိုကြည့်ချင် သဖြင့် ကျွန်မ ‘အမွှေဇယား’ကို ရွေးလိုက် သည်။ မှန်ရာဝန်ခံရလျှင် စိတ်ထဲက သိပ်တော့ ကြိုထင်မထားခဲ့။ မိတ်ကပ်မာမီ များ ဟာသဇာတ်လမ်းဆိုတော့လည်း ဘယ် ကြိုထင်ထားမလဲ။ ရေးစရာတစ်ခုခုတော့ရ မှာပဲ။ ဝေဖန်ချက်ပေါ့ဟုပင် ထင်မိသည်။ ဒါပေမဲ့ ကားလေးက ကောင်းနေသည်။ သရုပ်ဆောင်ချက်တွေလည်း ကောင်းသည်။ ရိုက်ချက်တွေ၊အဖြည့်တွေကလည်း သူ့နေရာ နှင့်သူအံဝင်ခွင်ကျဖြစ်နေသည်။ ဘာကိုအပြစ် ရှာပြီး ဝေဖန်ရမယ်မှန်းပင်မသိ။ ကားကောင်း လေးတစ်ကားပါဟုသာ ဆိုရပါတော့မည်။ဟာသဇာတ်ကားဖြစ်သော်လည်း ဇာတ် လမ်းက ဟာသဇာတ်လမ်းမဟုတ်ပါ။ မေတ္တာ၊စေတနာ၊သံယောဇဉ်ကို ညွှန်းဆို ထားသည်။ သူထူးစံနှင့်သက်မွ န်မြင့်တို့၏ ငယ်သံယောဇဉ်၊ငယ်စဉ်က ထားခဲ့သော ကတိအတိုင်း သက်မွန်မြင့် မင်းသမီးလုပ် တော့လည်း စောင့်ရှောက်ပေးသော သူထူး စံ။ ရန်အောင်နှင့် နေထက် လင်းတို့၏ မြဲမြံ သော သမီးယောက်ဖသံယောဇဉ်။ ကွယ်လွန် သူဇနီးမို့မို့မြင့်အောင်၏ တာဝန်ကို ပခုံး ပြောင်းယူသော ရန်အောင်။မိတ်ကပ်မာမီအခန်းများကို ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်မှုများပါ ဖြည့်ပြထားခြင်း။ မိတ်ကပ်ပြင်ဆိုင်အမည်ကပင် ‘ဇာတိမာန်’။မိုးအောင်ရင် ပါဝင်ရသောအခန်းတို့က လည်း မများလွန်း၊ မနည်းလွန်းဘဲ အရေး ပါပါထည့်သွင်းထားခြင်းများ။ တော်တော် လေး ဘဝင်ကျစရာကောင်းသော ဇာတ်ကား လေးဖြစ်ပါသည်။ မေတ္တာသစ္စာခင်မင်မှုသံယောဇဉ် ဦးစား ပေးဇာတ်တွေ ရှားပါးလှ ပေရာ ယခု ‘အမွှေ ဇယား’သည် ထိုလမ်းကြောင်း မဟုတ်ဘဲ သံယောဇဉ်ကို တန်ဖိုးထား လေးစားကြောင်းဇာတ်ကျော ရိုးဖြစ်နေသဖြင့် ဝမ်းမြောက်ရပါ သည်။ ဤသို့မှမဟုတ်ဘဲ ချစ်လား မသိ၊ မချစ်တာလားလည်း မသိ၊ သစ္စာဆိုတာဘယ်ချောင်မှာသွားရှာရ မလဲ။ထိုဇာတ်မျိုးချည်းများလှသည်။ ‘အမွှေဇယား’တွင် ဗေလုဝနှင့် ဧရာကိုထားသိုပုံကလည်း ကောင်းလှ သည်။ဗေလုဝကသက်မွန်မြင့်နှင့် မိုးအောင်ရင်တို့၏ ရုပ်ရှင်ဒါရိုက် တာဖြစ်သည်။ ရှုတင်အခန်းတိုင်းမှာ ”အကြီးကြီးရိုက်မယ်။ ကမ္ဘာကိုဖြန့်မယ်။ ကိုရီးယားဇာတ်ကားများ ပျင်းတောင်ပျင်း သေးတယ်” ဆိုတာကိုအခန်းတိုင်းပြောလေ ရာ ရယ်လည်းရယ်ရသည်။ ဤတွင် ဗေလုဝ နှင့်ဦးဧရာတို့၏ သရုပ်ဆောင်ချက်တို့မှာ သမ္ဘာကိုပြသွားကြသည်။အဓိကသရုပ်ဆောင် တို့၏ သရုပ်ဆောင်ချက်ကိုသာမကဇာတ် တစ်ဇာတ်လုံးကိုပါ ထောက်ကူပေးနေသည်။ခင်လှိုင်၏ အခန်းကဏ္ဍကလည်း သူ့ နေရာ နှင့်သူအရေးပါလှသည်။သရုပ်ဆောင်ချက်များအကြောင်း ပြောရပါမူ ရန်အောင် နှင့် သက်မွန်မြင့် က ကောင်းမြဲ ကောင်းသည်။ နေ ထက်လင်း ကိုမူ ထူးထူး ခြားခြားချီးကျူး မိသည်။ သူ ထူးစံကား မှတ် ပင် မမှတ်မိ လောက်အောင် သရုပ်ဆောင်ချက် ပြောင်မြောက် ကောင်းမွန် သည်။မိတ်ကပ် မာမီ များအဖြစ် သရုပ်ဆောင်ရ ခြင်းက တကယ့် ဒရာမာအစစ်တွေထက်ပင် ခက်ခဲတတ်သည်။’အမွှေဇယား’ကို ဃသာနိပိမောဟေု ပင်ဆိုနိုင်သည်။ သူထူးစံကို ဤနေရာ မျိုးအတွက် ရွေးရဲခြင်း၊ သူထူးစံ ကလည်း လုပ်ရဲခြင်း၊ လုပ်နိုင်ခြင်းတို့အတွက် ချီးကျူး ရသည်။ လုပ်ရာတွင်လည်း ပေါ့ပေါ့ တန်တန် သဘောထား၊ပြီးစလွယ်လုပ်ခြင်း မျိုးမရှိဘဲ အလေးအနက်သဘောထား၍ ကောင်းအောင် သရုပ်ဆောင်ထားမှန်း သိသာ လှသည်။အဆုံးမှာတော့ အကြည်တော်နှင့် ညီညီထွန်းလွင်တို့၏ အရည်အချင်း ကို ကျွန်မ လေးစားမိပါသည်။ ဂုဏ်လည်းပြုပါသည်။ စာရေးဆရာ၏ ဇာတ်လမ်းဖန်တီးမှုက ၅၂၈ မေတ္တာနှင့်သံယောဇဉ်တို့ကို အခြေတည်၍ မေတ္တာနှင့်ယှဉ်သော အချစ် ဇာတ်လမ်းတစ် ခုကို ဟာသအခြေခံပြီး ဖန်တီးထားခြင်း အပေါ်မှာ ဒါရိုက်တာကလည်း ဇာတ်အပေါ် သစ္စာရှိရှိရိုက်ပြသွားလေရာ မမျှော်လင့်ဘဲ ကားကောင်းလေးတစ် ကားကို ကြည့်မိရခြင်း အတွက် ဆောင်းဦးလှိုင်အားလည်းကောင်း၊ ‘အမွှေဇယား’အဖွဲ့သားများအားလည်းကောင်း ကျေးဇူးတင်ရပါသည်။ http://www.yoyarlay.com
0 comments:
Post a Comment