ရန်ကုန်မြို့လယ်၊ ရွှေတိဂုံဘုရား လမ်းပေါ်ရှိ သိမ်ကြီးဈေးတစ်ဝိုက်တွင် အတင့်ရဲနေသော ပြည့်တန်ဆာ လုပ်ငန်းကြောင့် ည ၈ နာရီကျော် လျှင် အမျိုးကောင်းသမီးတို့ မဖြတ် ရဲလောက်အောင် ဖြစ်လာသည်ဟု သိရသည်။ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ် လမ်းကြား ရွှေတိဂုံဘုရားလမ်းပေါ် တွင် နိုက်ကလပ်နှင့် စင်တင် တေးဂီတပါသော စားသောက်ဆိုင် များရှိပြီး ယင်းတို့အောက် လမ်းမ ပေါ်တွင် ပြည့်တန်ဆာပွဲစား များက လမ်းတစ်လျှောက်ဖြတ်သွားသော အမျိုးသားများအား ပျော်ပါးရန် ဆွဲဆောင်ခြင်းနှင့် နိုက်ကလပ် ဝန်ထမ်းများက ကလပ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်နေခြင်းတို့အပြင် ဖြတ်သွားဖြတ်လာ အမျိုးကောင်းသမီးများ အားလည်း ပြည့်တန်ဆာဟု ထင်မှတ် ကာ လိုက်လံဈေးစကား ပြောခြင်းတို့ ဖြစ်နေကြောင်း လမ်းမ တော်မြို့နယ်တွင် နေထိုင်သူ အသက်၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါလမ်းမပေါ် သိမ်ကြီးဈေး အောက်ထပ်တွင် မှန်ကန်ရိုးသားစွာ ဖွင့်လှစ်ထားသော စားသောက် ဆိုင်တစ်ဆိုင်ရှိပြီး အဆိုပါဆိုင်တွင် စားသောက်ပြီးပြန်သော အမျိုးသမီး ငယ်များ၊ အလုပ်ဆင်းချိန်နောက်ကျသော ဝန်ထမ်း များနှင့် မသိ၍ ဖြတ်လျှောက်မိသော ခရီးသွား အမျိုးသမီးများမှာ နောက်တစ်ခါ ဖြတ် မလျှောက်ရဲ လောက်အောင် စော်ကား ခံနေရသည်ဟု သိရသည်။”ဈေးဘယ်လောက်လဲ တောင်းကြည့်ပါ။ ဘယ်လောက်ရမှ လိုက်မှာလဲ။ အဲဒီလိုလိုက်ပြောတယ်။ ကိုယ်က ပြဿနာလည်း မဖြစ်ရဲဘူး။ နောက်ပိုင်း အဲဒီကနေ မဖြတ်ရဲတော့ဘူး”ဟု လသာမြို့ နယ်တွင် ဖွင့်ထားသောရယ်ဒီမိတ် အဝတ်အထည် အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦး ကပြောသည်။ ယင်းနေရာ တွင် ခရီးသည်စောင့် နေသော အနှေးယာဉ်များနှင့် တက္ကစီများလည်း ရှိနေပြီး ၄င်းတို့ထဲမှ အချို့မှာ စည်းကမ်းမဲ့စကားများဖြင့် ဖြတ်သွား ဖြတ်လာများအား နောက် ပြောင်ကြသည်ဟု ဆိုသည်။ ”ကျွန်မနဲ့ ကျွန်မသား အဲဒီ လမ်းကနေ ဖြတ်မိတာ မနဲ့မောင်လေး ဘယ်တည်းခိုခန်းသွားမှာလဲ လို့ ဆိုက်ကား ပေါ်ထိုင်နေတဲ့လူ တစ် ယောက်က မချိုမချဉ်မျက်နှာ နဲ့မေးတယ်။ ရှက်လိုက်တာ လွန် ရော”ဟု လမ်းမတော်မြို့နယ် ၁၅ လမ်းတွင်နေထိုင်သူ အသက် ၅၅ နှစ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ အနော်ရထာလမ်းပေါ်ရှိ ခုံးကျော်တံတားမှာ ညပိုင်းအချိန်တွင် လိင်တူဆက်ဆံသူများနှင့် ပြည့် တန်ဆာခေါ်ယူ၍ရသည်မှာ ယခင် ကတည်းကပင်ဖြစ်ပြီး ယခုအခါ ပို ဆိုးလာသည်ဟု လသာနှင့်ပန်းဘဲ တန်းတွင် နေထိုင်ကြသူများက ဆို ကြသည်။ လွန်ခဲ့သော ၂ လဝန်းကျင်ခန့် တွင် အဆိုပါနေရာ၌ ပြည့်တန်ဆာ ပွဲစားများရှိသော်လည်း ယခုလောက် မများသလို အမျိုးကောင်းသမီးများ အား နှောင့်ယှက်ခြင်းမရှိကြောင်း၊ ဖြတ်သွားဖြတ်လာအမျိုးသားများကို လည်း ယခုကဲ့သို့ ဗြောင်ကျကျဆွဲ ဆောင်ခြင်း မပြုကြောင်း ကျောက် တံတားမြို့နယ်ရှိ လူငယ်တစ်ဦးက ပြောသည်။ ယင်းလမ်းမပေါ်သို့ ည ၈ နာရီ ကျော်ခန့်တွင် သွားရောက် လေ့လာ ခဲ့ရာ အဆိုပါနေရာများသို့ ရောက် သည်နှင့် ပြည့်တန်ဆာခေါ်ရန် ၆ ဦး ကျော် လာဆွယ်ခဲ့သည်။ ပွဲစား တစ်ဦးက အနီးရှိ အဆောက်အအုံ တစ်ခုသို့ လက်ညှိုး ထိုးပြကာ ၂ လွှာနဲ့ ၄ လွှာတွင် ချာတိတ်မများ ရှိသည်ဟု ဆိုသည်။ ”အဲဒီနေရာမှာ အသက် ၁၈ ကနေ ၃ဝ ကြား အမျိုးသမီး ၂ဝ လောက် ရှိတယ်။ တစ်ညလုံး တစ် သောင်းခွဲတန်နဲ့ ၂ သောင်းတန်ရှိ တယ်”ဟု လမ်းမတော်မှ ကိုယ် တွေ့ကြုံခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ ”အိမ်က သားကပြန်ပြောပြ တယ်။ သူနဲ့ သူ့သူငယ်ချင်း အဲဒီ လမ်းကနေ ဖြတ်သွားတော့ ညီလေး တို့ရှိတယ်။ အဆင်ပြေအောင် ဈေးညှိပေးတယ်။ လိုက်ပြမယ်လို့ အနားကနေ တောက်လျှောက် လိုက်ပြီးပြောတယ်။ ကျွန်မသားက ၁၅ နှစ်ပဲရှိ သေးတယ်။ အရမ်းစိတ်ပူသွားတယ်။ စိတ်ဓာတ်ပျက်သွားမှာ စိုးလို့ နောက်တစ်ခါ အဲဒီလမ်းက ညဘက်မဖြတ်ဖို့ သေချာမှာထား ရတယ်”ဟု လမ်းမတော်မှမိခင်တစ်ဦး က ပြောသည်။
http://popularmyanmar.com/mpaper/archives/23692
0 comments:
Post a Comment