http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

မြစ်ဆုံရဲ့ အလှကို ထည့်သွင်း ရိုက်ပြချင်တဲ့ ကော့မိုင်

ကချင်အဆိုတော် တဦးဖြစ်တဲ့ ကော့မိုင်က တကိုယ်တော် တေးစီးရီး ကြိုဆိုခြင်း နဲ့ L ခွန်းရီ ပြန်ဆိုတေး (၁+၂) သုံးခွေ ထွက်ရှိဖြစ်ခဲ့ပြီး အတွဲခွေတွေမှာလည်း ပါဝင် သီဆိုဖြစ်ခဲ့ရာက ယခုအခါမှာတော့ ကော့မိုင်ရဲ့ စတုတ္ထ တကိုယ်တော် တေးစီးရီးကို မဟာသင်္ကြန်အပြီးမှာ ဖြန့်ချီပေးသွားတော့မယ်လို့ သိရပါတယ်။
L ခွန်းရီရဲ့ သီချင်းများနဲ့ ဂီတ လောကမှာ အောင်မြင်ခဲ့သူလို့ လူသိများတဲ့ ကော့မိုင်က သူ့ရဲ့ မူပိုင် နာမည် တေးသီချင်းများကို နောက်ပိုင်းမှာ ဦးစားပေး သီဆိုဖြစ်ခဲ့ပြီး စတုတ္ထမြောက် တေးစီးရီးမှာလည်း သီချင်း အသစ်တွေနဲ့ပဲ ထုတ်ဝေသွားမယ်လို့ သိရပါတယ်။ အဲဒီ တေးစီးရီးမှာ မြန်မာလိုဆိုတဲ့ သီချင်းများအပြင် ကော့မိုင်က သူတို့ရဲ့ ရိုးရာ သီချင်း တပုဒ်ကိုလည်း ထည့်သွင်း သီဆိုပေးသွားမယ်လို့ သိရပါတယ်။ ကော့မိုင်ရဲ့ စတုတ္ထ တကိုယ်တော် တေးစီးရီးကို တေးရေးဆရာများဖြစ်ကြတဲ့ ညီညီသွင်၊ ဖ၀ါ၊ ကေမျိုးဆန့်၊ အန်းနော် စတဲ့ တေးရေးဆရာများက ရေးသားပေးခဲ့ကြပြီး နောက်ထပ် သီချင်းအသစ်များလည်း အပ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တေးစီးရီးကို တီးခတ်ပေးထားတာကတော့ Lazy Club တေးဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ ကော့မိုင်ရဲ့ တေးစီးရီးထဲမှာ ထူးထူးခြားခြား ကချင်ဘာသာစကားနဲ့ သီဆိုထားတဲ့ တေးရေးဆရာ ကေမျိုးဆန့် ရေးသားပေးထားတဲ့ နမ္မတူ လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်ကို ထည့်သွင်း သီဆို ပေးထားပြီး ဒီလို သီဆိုဖြစ်ရတာလည်း စိုင်းဆိုင်မောစ်တို့ စိုင်းထီးဆိုင်တို့ ခေတ်က သူတို့ရဲ့ ဘာသာ ရိုးရာ စကားကို သူတို့ရဲ့ သံစဉ်လေးတွေနဲ့ ပရိသတ်ကို ဆိုပြခဲ့ကြတာကို သဘောကျ နှစ်ခြိုက်တဲ့အတွက် ကော့မိုင်ကလည်း နမ္မတူ သီချင်းကို ကချင်ဘာသာနဲ့ သီဆိုပေးထားပြီး မြန်မာစာတန်း ထိုးပေးသွားမယ်လို့ သိရပါတယ်။ တေးစီးရီးရဲ့ ဗီစီဒီကို ရိုက်ကူးရာမှာ ကချင်ဒေသနဲ့ ဆက်စပ်တဲ့ သီချင်းတချို့လည်း ပါဝင်တဲ့အတွက် မြစ်ဆုံဒေသရဲ့ အလှတွေအပြင် ကချင်ပြည်နယ်ရဲ့ အလှများကိုလည်း ထည့်သွင်း ရိုက်ကူးပေးသွားမယ်လို့ သိရပါတယ်။ စတုတ္ထ တေးစီးရီးကိုတော့ ပရိသတ်များက တောင်းဆိုလာကြတဲ့အတွက် လူမှုရေး အလုပ်တွေ များနေတဲ့ ကြားကပဲ ဆက်လုပ်ဖြစ်တာဖြစ်ပြီး နောက်ထပ် သီချင်းများလည်း ဆက်ဆိုဖြစ်နေဦးမယ်လို့ ပြောပြခဲ့ပါတယ်။ စတုတ္ထ တေးစီးရီး အမည်ကိုတော့ လောလောဆယ်မှာ သံယောဇဉ်ကြိုးကို အမည်ပေးထားကြောင်း သိရပါတယ်။                   http://burmatoday.net/enews.php?enews_ID=54

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif