http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

ထမီဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်း

Phyo Wai Win Facebook ကြံ့ဖွတ်ပါတီက ဦးအောင်သိန်းလင်း မဲဆွယ် စည်းရုံးနေတာတဲ့..။ အနောက်က ပြောင်းဖူးမှာ ဆိုတာ ပါလိုက်သေး မပြောင်းဖူးပေါ့..။ ဒီလောက်ပဲ အတွေးအခေါ် ရှိလေသလား။ ... ဒါကတော့ သူတို့အမြင်လေ.. ။ ကျွန်တော်ကတော့ ဒီလို မမြင်ပါ ရှုထောင့် အမျိုးမျိုးရှိတယ် ဆိုတော့..

ဒီမိုဝေယံ အမြင်ကတော့ အနောက်က ပြောင်ဖူးမှာ ဆိုတော့ ယောင်္ကျားမဟုတ်တဲ့ အောင်သိန်းလင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုမိတယ်..။

ယခုတလော ကြံ့ဖွတ်ပါတီက လာမယ့် ရွေးကောက်ပွဲမှာ ယောင်္ကျားပီပီ အမှန်တရားနဲ့ အရှုံးကို ရင်မဆိုင်ရဲတော့ မိန်းမဆန်ဆန် လုပ်နေတာ လူတိုင်းအသိပါ။

ဒါကြောင့် အနောက်က ပြောင်းဖူး ကိုင်ထားတဲ့ သူရဲ့ဆိုလိုရင်းက ဒီလူယောင်္ကျားမဟုတ် မိန်းမလို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုမိတယ်။

သက်ရောက်မှုတိုင်းမှာ တန်ပြန်တက်ရောက်မှုရှိတယ် ဆိုတော့ ထမိန်ဝတ်ဖို့ လိုသေးလား မအောင်သိန်းလင်းလို့ပဲ ဆိုပါရစေ..

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင်  မြို့တော်ဝန် ဦးအောင်သိန်းလင်းမှ နိုင်ငံတော်အလံသစ်အား စင်ကြယ်ဖိနပ်စီး၍ အချိန်ကိုက် ယတြာအလံတင်ခဲ့သည့် အခန်းအနားအား ပြန်လည် မြင်ယောင်မိရင်း  Phyo Wai Win Facebookရေးသားထားတဲ့ ယတြာပြောင်းဖူး ဓာတ်ပုံအား တွေ့ရှိရာမှ ရေးသားမိခြင်းဖြစ်ကြောင် ရိုးသားစွာ အသိပေးအပ်ပါသည်..။ (ဆိုင်ရှေ့မှာ ချိတ်ဆွဲထားတဲ့ ပြောင်းဖူးအား ဓာတ်ပုံဆရာမှ မိမိရရ မှတ်တမ်းတင်ထားတာလို့ ဆိုလာပါတယ်..)

ဆရာနေရဲနီရဲ့ ဒီဓာတ်ပုံနဲ့ လိုက်ဖက်တဲ့ ထမိန်ဝတ်ဖို့ လိုသေးလား ကဗျာ ပြန်ဖတ်ချင်ရင်
ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဆိုတဲ့.. ၂၀၀၈ခုနှစ်က မြို့တော်ဝန် ရုံးခန်းမှဓာတ်ပုံတပုံ     http://www.demowaiyan.org/2012/03/blog-pos     

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif