http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Mar 2012

နှလုံးရောဂါကြောင့် ကွင်းအတွင်း ရုတ်တရတ် အသက်ရှူ ရပ်သွားပြီး ဆေးရုံအရောက်တွင် ပြန်လည် အသက်ရှူနိုင်ခဲ့သော်လည်း လာမည့် ၂၄ နာရီအတွင်း မူယမ်ဘ၏ အရေးကြီးဆုံး အခြေအနေ တစ်ရပ် အဖြစ် ကြေငြာထား

ယမန်နေ့က ကစားခဲ့သည့် အက်ဖ်အေ ဖလား ဆဋ္ဌမအဆင့် အဖြစ် စပါး အသင်း၏ အိမ်ကွင်းတွင် သွားရောက် ကစားခဲ့သော ဘော်လ်တန် အသင်း၏ ကွင်းလယ် ကစားသမား ဖြစ်သူ ဖတ်ထ်ရိုက် မူယမ်ဘသည် ကွင်းအတွင်း နှလုံးရောဂါကြောင့် ရုတ်တရတ် လဲကျသွားကာ အသက်ရှူ ရပ်သွားခဲ့သည်။ ယင်းနောက်တွင် လန်ဒန် ဆေးရုံသို့ ချက်ချင်း ပို့ဆောင် ကုသပေးခဲ့ပြီး နောက်ပိုင်း ပြန်လည် အသက် ရှူနိုင်ခဲ့သော်လည်း လာမည့် ၂၄ နာရီအတွင်း အဆိုပါ ရောဂါအတွက် ကုသမှု ပြုလုပ်မှာ ဖြစ်သည့်အတွက် မူယမ်ဘ အတွက် အရေးကြီးဆုံး အခြေအနေ တစ်ရပ် ဖြစ်ကြောင်း ယနေ့ သတင်းတွင် ရေးသားခဲ့ကြသည်။




အဆိုပါ ကစားသမားမှ ရုတ်တရတ် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ဝေဒနာနှင့်အတူ အမြင့်ဆုံး စိုးရိမ် ရမှုများကြောင့် ယှဉ်ပြိုင်နေသည့် ပွဲစဉ်အား ပွဲချိန် ပထမပိုင်း ၄၂ မိနစ်မှ စတင်လုံး လုံးဝ မကစားတော့ပဲ ရပ်ဆိုင်းခဲ့သည်။ ယင်းနောက်တွင် ဆေးရုံသို့ အဆိုပါ ကစားသမားနှင့်အတူ တစ်ပါတည်း ပါသွားခဲ့သည့် ဘော်လ်တန် နည်းပြ အိုဝင်ကွိုင်၏ ပြောပြချက်အား အခြေခံပြီး ဆန်းသတင်းစာက ယခုကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။



အိုဝင်ကွိုင်းက ““ ဖတ်ထ်ရိုက်ဟာ ပြင်းပြင်းထန်ထန် ရောဂါ ခံစားခဲ့ရတာပါ။ နောက်ထပ် ၂၄ နာရီ (တစ်ရက်)ဟာ သူ့အတွက် အရေးကြီးဆုံး အခြေအနေ တစ်ရပ် ဖြစ်နေပါသေးတယ်””ဟု ဆိုသွားခဲ့သည်။

ဆက်လက်ပြီး သူက ““ ကျွန်တော်တို့နဲ့အတူ လူသားတိုင်းက သူ့ကို အရာရာ ကောင်းမွန်စေဖို့ မျှော်လင့် နေကြပါတယ်။ သူကြုံတွေ့ရမယ့် နာရီတွေမှာလဲ အကောင်းဆုံး ဖြတ်ကျော် နိုင်ပါလိမ့်မယ်။ သူဒါကို ကျော်ဖြတ်နိုင်မှာပါ””

““အခုချိန်ဟာ အလွန်ပဲ အရေးကြီးဆုံး အခြေအနေ တစ်ရပ်လို့ ဆိုရမှာပါ။ ဒီထက်ခက်ခဲတဲ့ အခြေအနေ ထပ်မံ မရှိကောင်း တော့ပါဘူး။ ဘုရားသခင်က သူ့ကို ကျော်ဖြတ်နိုင်ဖို့ ခွန်အားတွေ ပေးပါလိမ့်မယ်””ဟု ဆိုသွားခဲ့ကြောင်း သိရသည်။

ယခုမနက် စောစောတွင် ထုတ်ပြန်ခဲ့သည့် ဆေးရုံ၏ အစီရင်ခံစာတွင် ““ အသက် ပြန်ရှူနိုင်ခဲ့တဲ့ မူယမ်ဘဟာ အရေးကြီးတဲ့ အခြေအနေ တစ်ရပ်ကို ရောက်ရှိနေပါတယ်။ အတွင်းလူနာ အဖြစ် နှလုံးကုသမှု ဗဟို တည်ရှိရာ လန်ဒန် ချက် ဆေးရုံမှာ သူ့ကို အဓိက ဂရုတစိုက် ကုသမှု ပြုလုပ်ပေးနေပါတယ်””

““ဆေးရုံအနေနဲ့ အဆိုပါ လူနာအား ယမန်နေ့ ညနေပိုင်းတွင် ဝှိုက်ဟက်လိန်းမှ ပို့ဆောင်ခဲ့မှုကြောင့် ပြုစု စောင့်ရှောက်မှု ပြုလုပ် ပေးနိုင်ခဲ့ပြီး အဆိုပါ ကစားသမားဟာ အက်ဖ်အေဖလား ကွာတား ဖိုင်နယ် အတွက် တော့တင်ဟမ် ဟော့စ်စပါး အသင်းနဲ့ ယှဉ်ပြိုင်နေတုန်း ဖြစ်ပျက်ခဲ့သည်ဟု သိရပါသည်””

““ ဖက်ထ်ရိုက်ကို မြေပြင်ပေါ်မှာ အချိန်ကြာမြင့်စွာ အသက်ပြန်ရှူ နိုင်ဖို့ ရှေ့ဦး ပြုစုပေးခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့နိုင်ခဲ့ပြီး ကံကောင်း ထောက်မစွာ ဆေးရုံမှာ စတင်ပြီး သူ့ရဲ့အသက်ရှူမှု ပြန်လည် ရရှိခဲံပါတယ်။ ဒါဟာ ပုံမှန် ဆေးကုသမှုပဲ ရှိသေးတယ်ဆိုတာ မှတ်ယူရပါမယ်။ သူ့ကို နောက်ထပ် မေ့ဆေး ထိုးပေးပြီး အချိန်တို အတွင်း ပြင်းပြငန်းထန်ထန် ကြိုးပမ်း ကုသမှုတွေ လုပ်ရပါဦးမယ် အဲဒီအတွက် အနည်းဆုံး ၂၄ နာရီ ကြာမြင့်ဖွယ် ရှိနေပါတယ်။ အခုအချိန်မှာ သူ့ကို အထူးကုသမှုများနဲ့ အနီးကပ် စောင့်ကြည့်မှုများ အဆက်မပြတ် လုပ်ဆောင်ပေးနေပါတယ်””ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

မူယမ်ဘနှင့် ပတ်သတ်ပြီး ဆက်စပ် သတင်း (၁) ဖတ်ရန်

မူယမ်ဘနှင့် ပတ်သတ်ပြီး ဆက်စပ် သတင်း (၂) ဖတ်ရန်


Translated by : ယုန်လေး    2012-03-18 19:48:25  

http://mutdfan.com/index.php/readmore/post/41860

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif