http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Mar 2012

ပွဲကစားချိန်ပေါင်း ၂၅ နာရီ ၄၁ မိနစ် ဆက်တိုက် ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်လိုက်သော တောရက်စ်က အားပေးခဲ့ကြသည့် ချယ်လ်ဆီး ပရိသတ်များကို ကျေးဇူးတင်..

ချယ်လ်ဆီးအသင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်လ်ရောက်ရေးအတွက် လက်စတာ စီးတီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ဖါနန်ဒိုတောရက်စ် တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ယခုက ဂိုးမိုးခေါင်မှုများကို အဆုံးသတ်ခဲ့သည်။

 ပေါင်သန်း ၅၀ ဖြင့် ၀ယ်ယူထားသော ချယ်လ်ဆီးအသင်း တိုက်စစ်မှူး တောရက်စ်၏ ဂိုးမိုးခေါင်မှုမှာ ပွဲကစားချိန် ဆက်တိုက် ရေတွက်ပါက  ၂၅ နာရီ ၄၁ မိနစ်တိုင်တိုင် ဂိုးမိုးခေါင်နေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဂိုးမိုးခေါင်နေသော်လည်း ချယ်လ်ဆီးအသင်း ပရိသတ်များက သူ၏ ဂိုးမိုးခေါင်နေမှုအပေါ် စိတ်မပျက်ဘဲ အားပေးနေခဲ့ကြသဖြင့် ချယ်လ်ဆီးအသင်း ပရိသတ်များအပေါ် ကျေးဇူးတင်ကြောင်း တောရက်စ်က ပြောကြားခဲ့သည်။

 ကျွန်တော် ဂိုးတွေ ပြန်သွင်းနိုင်ပါပြီ။ ဒီလို ဖြစ်လာဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့ရပါတယ်။ တိုက်စစ်မှူး တစ်ဦးရဲ့အလုပ်က ဂိုးသွင်းရတာပါ။ တကယ်လို့ မသွင်းနိုင်ဘူး ဆိုရင်တော့ ဘယ်လောက် ကောင်းအောင် ကစားနိုင်သည် ဖြစ်စေ ဆိုးရွားမှု တစ်ခုဘဲပေါ့။ ဒါပေမယ့် ချယ်လ်ဆ်ီးအသင်း ပရိသတ်တွေကတော့ ကျွန်တော့်အပေါ် အမြဲတမ်း ထောက်ပံ့ ကူညီ အားပေးနေခဲ့ကြပါတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ နည်းပြအပေါ်မှာလည်း ယုံကြည်မှု အပြည့်ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့အတွက် မကြာခင်မှာ အရေးကြီးပွဲတွေ လာပါတော့မယ်။ ဟုပြောကြားခဲ့သည်။

 ချယ်လ်ဆီးအသင်း၏ နောက်တန်းကစားသမား ဂရေးဟာဟေးလ်ကလည်း ချယ်လ်ဆီးအသင်းအတွက် ပထမဦးဆုံး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် "ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။" ဟုပြောကြားခဲ့သည်။
Written by : ဇော်ဇော်    2012-03-19 07:38:46  

http://mutdfan.com/index.php/readmore/post/41865

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif