http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Mar 2012

ဖါဘရီစ် မူအမ်ဘ အတွက် အားလုံးက ဆုတောင်းပေးနေကြစဉ် \"***** မူအမ်ဘ သေသွားပြီ!!! ဟဟဟ.\" ဟု တွဒ်တာမှ လှောင်ပြောင်ခဲ့သူ တက္ကသိုလ်ကျောင်းသား တစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ... ဖါဘရီစ် မူအမ်ဘ အတွက် အားလုံးက ဆုတောင်းပေးနေကြစဉ် \

အက်ဖ်အေဖလား ပြိုင်ပွဲ စပါးအသင်းနှင့် ဘော်လ်တန်အသင်းတို့ ကစားနေစဉ် အချိန်အတွင်း ဘော်လ်တန်အသင်းမှ ကစားသမား မူအမ်ဘ သည် နှလုံးရောဂါ ဖေါက်လာပြီး ကွင်းအတွင်း လဲကျသွားခဲ့ကာ ၇ မိနစ်ခန့် အသက်ရှူရပ်သွားခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပြုစု ကုသမှု ခံရပြီးနောက် ဆေးရုံသို့ တင်ပို့ထားခဲ့ရသော်လည်း ယခုအချိန်အထိ ခက်ခဲသော အခြေအနေ တစ်ရပ်ကို ဖြတ်ကျော်နေဆဲပင် ရှိသေးသဖြင့် ပရီးမီးလိဂ်မှ ဘောလုံးအသင်းများ အပြင် ကမ္ဘာ့ နာမည်ကြီး လိဂ်များမှ ကစားသမားများပါက ၀ိုင်းဝန်း ဆုတောင်းပေးနေကြစဉ် အတောအတွင်း တွဒ်တာ လူမှု ဆက်သွယ်ရေး ကွန်ယက်မှ တဆင့် လှောင်ပြောင်ခဲ့သူ တက္ကသိုလ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က အရေးယူရန် ဖမ်းဆီးလိုက်သည်ဟု ဒေးလီးမေးလ် သတင်းစာအရ သိရသည်။


အသက် ၂၁ နှစ် အရွယ်ရှိ Liam Stacey ဆိုသည့် ဆွမ်းဆီး တက္ကသိုလ်မှ ကျောင်းသားလေးက LOL (ကျယ်လောင်သော ရယ်မော သံ၏ အမှတ်သင်္ကေတ)... *****မူအမ်ဘ သေသွားပြီး!!! ဟဟဟ. ဟုလှောင်ပြောင် သရော်ခဲ့ခြင်း ဖြစ်သည်။ အခြားတွဒ်တာ အသုံးပြုသူများက သူ့အား မပြောသင့်ကြောင်း ဝေဖန်သောအခါ သူက ပြန်လည်  ဆဲဆို ခဲ့ပြန်သေးသည်။ အချိန် အနည်းငယ် ကြာသောအခါ သူက သူ၏ အကောင့်ကို အခြားသူ တစ်ဦးက ဟတ်ကင်းလုပ်ကာ ခိုးယူသုံးစွဲပြီး ယခုကဲ့သို့ ဆဲဆိုခြင်း ဖြစ်ကြောင်း ထိုစဉ် အချိန်အတွင်းက သူ့ဖုန်းမှာ အင်တာနက် ချိတ်ဆက်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သော်လည်း ဝေးလ်တောင်ပိုင်း ရဲတပ်ဖွဲ့က သူ့အား သွားရောက်ဖမ်းဆီးလိုက်သည်။

ယခုအခါ သူ့အား အင်တာနက်ဆိုင်ရာ ဥပဒေများအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အသက် ၂၃ နှစ်ရှိ မူအမ်ဘ သည် မနေ့ညကအချိန်အထိ လန်ဒန်မြို့ ချက်စ် ဆေးရုံတွင်ပင် ရှိနေသေးပြီး အလွန်ခက်ခဲ သော အခြေအနေတစ်ရပ်ကို ဖြတ်ကျော်နေရဆဲပင် ရှိသေးပြီး သူ၏ ဘေးတွင် သူငယ်ချင်းများ နှင့် မိသားစုဝင်များက ၀န်းရံပေးနေရသည်။



မနေ့ညက ချယ်လ်ဆီးအသင်းနှင့် လက်စတာ စီးတီးအသင်းတို့ ကစားခဲ့သော ပွဲစဉ်အတွင်း ချယ်လ်ဆီးအသင်းအတွက် ပထမဦးဆုံး ဂိုးသွင်းယူပေးနိုင်ခဲ့သူ ဂရေးကာဟေးလ်ကလည်းသူ၏ ရင်ဘတ် အသားကပ်အင်္ကျီ တွင် "မူအမ်ဘကို ဘုရားသခင် စောင့်ရှောက်ပါရန် ဆုတောင်းပါသည်" ဟူသည့် စာတမ်းရေးထိုးပြီးအောင်ပွဲ ခံခဲ့သည်။






Written by : ဇော်ဇော်    2012-03-19 09:24:51  

http://mutdfan.com/index.php/readmore/post/41867

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif