http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Mar 2012

မော်ရင်ညိုအနေနဲ့၊ ဘာကာကို နှိပ်ကွပ်ချင်တယ်ဆိုရင်တော့၊ စပါယ်ရှယ်တစ်ခုခု လုပ်ပြနိုင်ဖို့လိုပါတယ် - လူးဝစ် ဗန်ဂါးလ်

ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် ဗန်ဂါးလ်က ရီးရဲလ်နည်းပြမော်ရင်ညိုအနေဖြင့် စပါယ်ရှယ်တစ်ခုခု လုပ်ပြနိုင်မှသာ၊ ဒီရာသီတွင် ဘာစီလိုနာအသင်းအား ယှဉ်ပြိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ပြီးခဲ့သည့်(၂၀၁၀)၊ နွေရာသီတွင်ဘာနေဗျူးသို့ရောက်ရှိလာကတည်းက ဘာစီလိုနာအသင်းနှင့်ထိပ်တိုက်တွေ့ဆုံခဲ့သည့်
ပွဲများတွင်  မော်ရင်ညိုသည် ဘာစီလိုနာအသင်းအားတစ်ကြိမ်သာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။

လက်ရှိ လာလီဂါတွင် ဘာစီလိုနာအသင်းအား (၈)မှတ်အသာဖြင့် ဦးဆောင်နေသည့်အနေအထားကြောင့်၊ လာမည့် ဧပြီ (၂၂)ရက်၊ နူးကမ့်တွင် တွေ့ဆုံမည့်ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် စိုးရိမ်စရာမရှိသော်လည်း၊ မော်ရင်ညိုအနေဖြင့် အဆိုပါပွဲအား ဂုဏ်သိက္ခာအရ၊ အနိုင်ကစားရန်လိုအပ်ကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သည်။

“သူကတော့ သူ့ကိုယ်သူ စပါယ်ရှယ်ဝမ်းလို့ ပြောနေတာပဲ၊ သူအနေနဲ့ ဘာကာကို နိုင်မယ့် နည်းလမ်း ရှာတွေ့ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ မော်ရင်ညို ဘာကာကို ကိုပါဒယ်ရေးဖလားဖိုင်နယ်မှာ တစ်ကြိမ်ပဲ နိုင်သေးတယ်ဆိုတဲ့ အချက်ကိုတော့ မမေ့သေးပါဘူး၊ ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး၊ ဗန်ဂါးလ်က ယခုနှစ် လာလီဂါအမှတ်ပေးဖလားအား  ရီးရဲလ်မက်ဒရစ် ရရှိရန်ထိုက်တန်ကြောင်းနှင့် ရီးရဲလ်အသင်းအနေဖြင့် ယခုနှစ်တွင် ဘာစီလိုနာလက်ထဲက လာလီဂါဖလားအား လွှဲပြောင်းယူနိုင်လိမ့်မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

“ လာလီဂါမှာတော့ မက်ဒရစ်က ပိုကောင်းပါတယ်၊ သူတို့ဟာ တစ်ရာသီလုံး အကောင်းဆုံးပုံစံရနေပြီး၊ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ် ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

သို့ပါသော်လည်း ဗန်ဂါးလ်က မော်ရင်ညို၏ ရီးရဲလ်အသင်းအနေဖြင့် လာမည့် မေလတွင်ကျင်းပမည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင်တော့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု မထင်ကြောင်းနှင့် ဘာစီလိုနာအသင်းကသာ ချန်ပီယံလိဂ်ဖလားအား ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

“ ချန်ပီယံလိဂ်မှာဆိုရင်တော့ ဘာကာက ကျွန်တော့်ဖေးဖရိတ်ပါ၊ သူတို့အသင်းဟာ ပါဝါအရမ်းကောင်းပြီး၊ ပုံမှန်ထက် စွမ်းဆောင်ရည်မြင့်မားပါတယ်၊ သူတို့ပဲ ချန်ပီယံလိဂ်ဖလားကို ရယူသွားမှာပါ ” ဟု ဗန်ဂါးလ်က ပြောကြားသွားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး (၈)သင်းအဆင့်တွင် ချန်ပီယံလိဂ်ဖလား (၇)ကြိမ် ရရှိထားသည့် အေစီမီလန်အသင်းနှင့် တွေ့ဆုံနေသည်။
Written by : ပီတာလေး    2012-03-19 15:00:38   http://mutdfan.com/index.php/readmore/post/41877

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif