အသက် (၃၄) နှစ်အရွယ်ရှိ ဂတ်တူဆိုသည် ယခုနှစ် စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်သည့် လာဇီယိုအသင်းနှင့်ပွဲတွင် အသင်းဖော် နက်စတာနှင့်ထိခိုက်မိကာ၊ မျက်စိဒဏ်ရာ ရရှိခဲ့ပြီးနောက်၊ အသင်းမှ ကာလရှည်အနားယူနေခဲ့ရသူဖြစ်သည်။ သို့ပါသော်လည်း ဂတ်တူဆိုသည် ပြီးခဲ့သည့် စနေနေ့က ပါးမားအသင်းအား (၂-၀) ဖြင့် အနိုင်ရရှိခဲ့သည့် စီးရီးအေပွဲစဉ်တွင် နာကျင်အချိန်ပို၌ လူစားထိုးဝင်ရောက်ကစားသွားခဲ့သည်။ အေစီမီလန်ကွင်းလယ်လူ ကွင်းလယ်လူ ဂတ်တူဆိုက ယခုလို အသင်းအတွက် ပြန်လည်ကစားပေးနိုင်သည့်အတွက် အတိုင်း မသိ ၀မ်းသာမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ “ခက်ခဲတဲ့ကာလတွေ ပြီးဆုံးခဲ့ပါပြီ၊ အခုတော့ ကျွန်တော့်ပုံစံက လက်ဝှေ့သမားတစ်ယောက်လိုပါပဲ၊ အသင်းနဲ့အတူ အမြန်ဆုံး လေ့ကျင့်ခန်းဆင်းချင်ပါပြီ၊ ” ဟု ဂတ်တူဆိုက ပြောကြားသွားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့တွင် ဂျူဗင်တပ်စ်အသင်းက ဖီအိုရင်တီးနားအသင်းအား (၅-၀)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း၊ အေစီမီလန်အသင်းသည် ဇယားထိပ်တွင် လေးမှတ်အသာဖြင့် ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။ | ||||
| ||||
http://mutdfan.com/index.php/readmore/post/41880 |
0 comments:
Post a Comment